နည်းပြ ကလော့ပ်

February 2, 2020

လီဗာပူးအသင်း ပြီးပြည့်စုံရန် လိုသေးဟု နည်းပြပြော

နိုင်ပွဲဆက်နေတဲ့ လီဗာပူးအသင်းဟာ လက်ရှိ ပြီးပြည့်စုံတဲ့ အသင်းကောင်းတသင်း မဟုတ်သေးဘူးလို့ နည်းပြ ကလော့ပ်က ပြောပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ မှာ ဆောက်သမ်တန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။ ဆောက်သမ်တန်အသင်းက ကန်သွင်းချက်တွေ၊ အဆုံးသတ်သွင်းယူမှုတွေ အများကြီး ရခဲ့ပြီး ဂိုးသမား အလီဆွန် ကာကွယ်နိုင်ခဲ့လို့သာ သက်သာရရာခဲ့တာပါ။ “မိမိတို့အသင်းဟာ ပြီးပြည့်စုံတဲ့ အသင်း မဟုတ်သေးသလို ပြီးပြည့်စုံတဲ့အသင်းဖြစ်ဖို့ နီးစပ်မှုတောင် မရှိသေးဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို ပြီးပြည့်စုံတဲ့အသင်း မဖြစ်သေးတဲ့အပေါ်မှာလည်း ဂရုမစိုက်ကြောင်း၊ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို ရရှိအောင် ကြိုးပမ်းပြီး ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ နိုင်ပွဲရဖို့ပဲ ကြိုးပမ်းမယ်လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောသွားပါတယ်။
1 year Ago
Up