နည်းပြအဖွဲ့

June 30, 2020

နည်းပြအဖွဲ့နှင့် ကစားသမားများ ကောင်းမွန်သည့် ဆက်ဆံရေးရှိဟု ဘာစီလိုနာနည်းပြ ဖြေရှင်း

ကစားသမားတွေနဲ့ ပြဿနာတစုံတရာမရှိဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘာစီလိုနည်းပြ ဆက်တီယန်က ဖြေရှင်းသွားပါတယ်။  ဘာစီလိုနာအသင်းဟာ ဆယ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာရပ်တည်နေတာပါ။  ဆယ်တာဗီဂိုးနဲ့ ပွဲစဉ်မှာ ရေသောက်အနားပေးစဉ် လက်ထောက်နည်းပြ အီဒါဆာရာဘီယာရဲ့ ညွှန်ကြားမှုကို လီယွန်နယ်မက်ဆီက နားမထောင်ခဲ့တာကို ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရတာပါ။  ဒါ့အပြင် ပွဲအပြီး အင်တာဗျူးမှာ အဝေးကွင်း ၂ ပွဲဆက် သရေကျခဲ့တဲ့အပေါ် တိုက်စစ်မှူး ဆွာရက်ဇ်ကို မေးမြန်းရာမှာလည်း ဘာကြောင့် အဝေးကွင်း ၂ ပွဲဆက် အမှတ်လျော့ခဲ့သလဲဆိုတာ နည်းပြအဖွဲ့ဝင်တွေက လေ့လာသုံးသပ်ရမယ်ဆိုပြီး ပြောခဲ့တယ်လို့ သိရပါတယ်။  အဲဒီသတင်းတွေအပေါ်  မီဒီယာတွေက မေးမြန်းရာမှာ ဘာစီလိုနာနည်းပြအဖွဲ့နဲ့ ကစားသမားတွေကြား ဘာပြဿနာမှ မရှိဘဲ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ နည်းပြဆက်တီယန်က ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့ အက်သလက်တီကိုနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
12 months Ago
Up