နည်းပြသင်တန်းတက်

March 27, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားယူနေရသည့်  လူကာကူ နည်းပြသင်တန်းတက်

အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားယူနေရချိန်မှာ ဘောလုံးနည်းပြ အွန်လိုင်းသင်တန်းကို တက်ရောက်နေတယ်လို့ သိရပါတယ်။  ဥရောပဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်တဲ့ ယူအီးအက်ဖ်အေနည်းပြလိုင်စင် အွန်လိုင်းသင်တန်းကို ဒေါ့မွန်အသင်းက ဘယ်လ်ဂျီယံကွင်းလယ်လူ ဝစ်ဆဲလ်လည်း တက်ရောက်နေပြီး လူကာကူကလည်း တက်ရောက်လေ့လာနေတယ်လို့ သိရပါတယ်။  တယ်လီဂရပ်ဖ် သတင်းစာရဲ့အဆိုအရ ဘယ်လ်ဂျီယံ လက်ရွေးစင်  နောက်တဦးဖြစ်သူ ကီဗင်ဒီဘရိုင်းဟာလည်း အနားရနေချိန်မှာ အွန်လိုင်းကနေ သင်ကြားမယ့် နည်းပြသင်တန်း တက်ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။  အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ များပြားနေတာကြောင့် အီတလီစီးရီးအေက ကစားသမားတွေဟာလည်း ၁၄ ရက်အထိ သီးသန့်နေထိုင်ခဲ့ရပါတယ်။
2 years Ago
Up