နည်းပြဝေဖန်

October 29, 2019

အာဆင်နယ်အသင်း ခေါင်းဆောင်ချာကာ၏ အပြုအမူမှားယွင်းဟု နည်းပြဝေဖန် 

အာဆင်နယ်အသင်း ခေါင်းဆောင်ချာကာရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ လုပ်ဆောင်မှု ဖြစ်ကြောင်း နည်းပြ အမ်မရီက ဝေဖန်လိုက်ပါတယ်။  အသင်းခေါင်းဆောင် ချာကာဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ လူစားလဲခံရပြီးနောက် သူ့ရဲ့ခြေစွမ်းကို လှောင်ပြောင်ခဲ့တဲ့ အသင်းပရိသတ်တွေကို ဆဲဆိုခဲ့ပြီး အဝတ်လဲခန်းထဲကို တိုက်ရိုက်ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲကနေ မထွက်ခွာမီအချိန်မှာ ပရိသတ်တွေရဲ့အသံကို နားစွင့်နေတဲ့ပုံစံ ပြုလုပ်ပြခဲ့ပြီး ဒေါသတကြီးနဲ့ အဝတ်လဲခန်းထဲကို ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ချာကာရဲ့ အပြုအမူဟာ မှားယွင်းမှုတခု ဖြစ်ပြီး ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ နည်းပြ အမ်မရီက ဆိုပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်လက်ပတ်ကို ပြန်လည်ရုပ်သိမ်းဖို့ရှိသလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အမ်မရီက ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အသင်းက ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကစားသမားတွေရဲ့ နှလုံးသားတွေဟာ ပူလောင်နေရနိုင်ပေမယ့်လည်း စိတ်သဘောထားကိုတော့ တည်ငြိမ်မှုရှိရှိနဲ့ လိမ္မာပါးနပ်မှု ရှိနေရမယ်လို့ ချာကာရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အမ်မရီက ပြောကြားခဲ့ပါတယ်။
2 years Ago
Up