ချဲလ်ဆီးကစားသမားသစ် ခိုင်ဟာဗက်ဇ်အနေနဲ့ နည်းပြ လမ်းပတ်ရဲ့ ကစားကွက်မှာ အံဝင်ဖို့ မလွယ်ကြောင်း ကစားသမားဟောင်း ကာရေဂါက ဝေဖန်လိုက်ပါတယ်။
ဂျာမန်ကလပ် လေဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာဗက်ဗ်ဟာ လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာပါ။
အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ ခိုင်ဟာဗက်ဇ် ဘယ်နေရာမှာ ကစားနေသလဲဆိုတာ မသိရလောက်အောင် ပျောက်ဆုံးနေပြီး နည်းပြလမ်းပတ်ရဲ့ ၄-၃-၃ ကစားကွက်မှာ အံဝင်ဖို့ ခက်တယ်လို့ ပြောပါတယ်။
ဟာဗက်ဇ်အနေနဲ့ လေဗာကူဆင်အသင်းမှာ နံပါတ် ၁၀ နေရာမှာ ကစားလာခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ ညာတောင်ပံထွက်ပြီး ကစားနေရတာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းမှာ တိုက်စစ်မှူးနေရာနဲ့ နောက်ချန်တိုက်စစ်မှူးနေရာတွေမှာ ကစားခဲ့တဲ့ ဟာဗက်ဇ်ဟာ ၈၇ ပွဲမှာ ၃၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ကာရေဂါနဲ့ သုံးသပ်တင်ဆက်ခဲ့ကြတဲ့ ဂျောမီရက်ဒ်နက်နဲ့ အက်ရှ်လေကိုးလ်တို့ကလည်း ဟာဗက်ဇ်ကို ကွင်းလယ်တိုက်စစ်နေရာမှာ အသုံးပြုဖို့ အကြံပေးခဲ့ကြပါတယ်။
5 months Ago