နည်းပြရွိင်းဟော့ဒ်ဆန်

A d v e r t i s e m e n t With Us

January 1, 2020

တိုက်စစ်မှူး ဇာဟာကို ရောင်းချမည်မဟုတ်ဟု ပဲလေ့စ်နည်းပြပြော

ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ တိုက်စစ်မှူး ဝီလ်ဖရိုင်းဇာဟာကို ရောင်းချမှာမဟုတ်ဘူးလို့ နည်းပြရွိင်းဟော့ဒ်ဆန်က ပြောကြားလိုက်ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးစတဲ့အသင်းတွေက ခေါ်ယူမယ်လို့ အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ ဇာဟာကို ဥရောပ ကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့ချိတ်ဆက်နေခဲ့ပေမယ့် ရိုင်းဟော့ဆန်ကတော့ ကစားသမားဟာ ရောင်းဖို့မဟုတ်လို့ ပြေဆိုလိုက်ပြီး ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်မခံကြောင်း အသင်းကလည်း ဇာဟာ ဆက်ရှိနေဖို့အတွက်ဆိုရင် ဘာမဆိုလုပ်သွားမယ်လို့ ကတိပေးထားကြောင်းပြောကြားပါတယ်။ လတ်တလောမှာတော့ ဇာဟာကို အာဆင်နယ်၊ အဲဗာတန်၊ နာပိုလီစတဲ့ အသင်းတွေက ချိတ်ဆက်နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လုံးဝလက်လွှတ်မခံရဖို့ ဘုတ်အဖွဲ့ကလည်း အပြည့်အဝထိန်းသိမ်းသွားမယ်လို့ ပြောကြားပါတယ်။  ဒါ့အပြင် အဓိကကစားသမားတွေဖြစ်တဲ့ ဘန်တီကီ၊ အန်ဟော့၊ အရူးရ်နဲ့ ရစ်ချက်ဒန်းတို့လည်း ဒဏ်ရာရခဲ့တာကြောင့် လက်ကျန်ရာသီဝက်မှာ အခြေအနေကောင်းဖို့ ကစားသစ် တချို့ခေါ်ယူမယ့်အပြင် ဇာဟာကိုပါ ထိန်းထားနိုင်ဖို့ စီစဉ်နေကြတာလည်းဖြစ်ပါတယ်။  ပဲလေစ့်အသင်းဟာ လက်တလောမှာတော့ ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ရပ်တည်နေ ပါတယ်။ 
1 year Ago
Up