နည်းပြမျာ

May 14, 2020

ကစားသမားများ ကြံ့ခိုင်မှုပိုကောင်းစေရန်  ပြိုင်ပွဲအချိန်ယူသင့်ဟု နည်းပြများအကြံပြု

ပရီးမီးယားလိဂ် နည်းပြတွေဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာစေဖို့အတွက် ပြိုင်ပွဲကို အချိန်ယူပြီး ကျင်းပဖို့ ဆန္ဒရှိနေကြပါတယ်။ ပရီးမီးယားလိဂ်အသင်း ၂၀ က နည်းပြတွေဟာ မေ ၁၃ ရက်က အွန်လိုင်းကနေ ရုပ်သံဆွေးနွေးပွဲ လုပ်ခဲ့ကြပြီး ပြိုင်ပွဲအတွက် ဆွေးနွေးခဲ့ကြပါတယ်။ အသင်းလိုက် လေ့ကျင့်မှုတွေကို လာမယ့် မေ ၁၈ ရက်မှ စတင်ပြုလုပ်ရမှာဖြစ်တဲ့အတွက် ပြန်လည်ကျင်းပဖို့ စီစဉ်ထားတဲ့ ဇွန် ၁၂ ရက်ထက် နောက်ကျပြီးမှ ကစားဖို့ ဆန္ဒရှိနေကြတာပါ။  ကစားသမားတွေဟာ ၂ လ ကျော် အိမ်မှာပဲ နေထိုင်ခဲ့ရတာကြောင့် ကြံ့ခိုင်မှု မပြည့်ဝမှာကို နည်းပြတွေက စိုးရိမ်နေပြီး ဇွန် ၁၂ ရက်နောက်ပိုင်းမှ ပြန်လည်စတင်ဖို့ ဆွေနွေးခဲ့တယ်လို့ သိရပါတယ်။  နည်းပြတဦးကတော့ ဇွန် ၁၂ ရက်မှာ ပြန်လည်စတင်မယ့် အစီအစဉ်ဟာ စွန့်စားမှုရှိနေပြီး ကစားသမားတွေအနေနဲ့ အကောင်းဆုံးယုံကြည်မှုနဲ့ ကစားနိုင်ဖို့ အခက်အခဲရှိနိုင်ကြောင်း တင်ပြခဲ့တယ်လို့ The Times သတင်းစာက ဖော်ပြပါတယ်။ 
11 months Ago
Up