နည်းပြမော်ရင်ဟို

October 16, 2020

စပါးအသင်း၌ ဂါရတ်ဘေးလ် ပျော်ရွှင်ရန် အရေးကြီးဟု နည်းပြမော်ရင်ဟို ပြော

စပါးအသင်းမှာ ဂါရတ်ဘေးလ် ပျော်ရွှင်မှုရဖို့ အရေးကြီးတယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။  ဂါရတ်ဘေးလ်ဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  ရီးရဲလ်အသင်းမှာ နည်းပြ ဇီဒန်းနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့ ဘေးလ်အနေ နဲ့ စပါးအသင်းမှာတော့ ပျော်ရွှင်မှုရဖို့ အရေးကြီးပြီး လက်ရှိအချိန်က ဘေးလ်ရဲ့  ကစားသမား ဘဝအတွက် အရေးကြီးဆုံး အချိန်ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။  တသင်းလုံးက အရေးကြီးသလို ဂါရတ်ဘေးလ်က အသင်းကို ကူညီချင်ပြီး အသင်းဘက်က လည်း သူ့ကို ပျော်ရွှင်မှုရစေဖို့ ဂရုစိုက်ပေးသွားရမယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။  အသက် ၃၁ နှစ်ရှိ ဘေးလ်ဟာ  ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာကြောင့်  အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲကစားခွင့် ရဖို့ ရှိနေပါတယ်။ 
7 months Ago

October 30, 2019

နည်းပြမော်ရင်ဟို အာဆင်နယ်အသင်းကို ကိုင်တွယ်မည်ဟု သတင်းထွက်ပေါ် 

နည်းပြမော်ရင်ဟို ပရီးမီးယားလိဂ်ဆီကို ပြန်လာဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းနဲ့  အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပါတယ်။  ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ မော်ရင်ဟို အင်္ဂလန် ပရီးမီးယားလိဂ်အသင်းတသင်းကို တာဝန်ယူကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာ ဖိအားများနေတဲ့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီရဲ့ နေရာကို အစားထိုးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းကလည်း စပါးအသင်းနဲ့ သတင်းထွက်ခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေတာပါ။ ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေမှာ ဆုဖလား ၉ လုံးအထိ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ နောက်ထပ် အင်္ဂလန်အသင်းကို တာဝန်ယူ ကိုင်တွယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အင်္ဂလန်ကလပ် သုံးသင်းနဲ့အတူ အဓိကဆုဖလားတွေ ရယူနိုင်မယ့် ပထမဆုံးနည်းပြအဖြစ် စံချိန်တင်နိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ Sports Mourinho Transfer
2 years Ago
Up