နည်းပြတာဝန်

August 18, 2020

နည်းပြတာဝန် အာရုံစိုက်နိုင်ရန် ကစားသမားဘဝက အနားယူလိုက်သည့် ကွန်ပနီ 

အန်ဒါလက်ချ်အသင်းရဲ့ နောက်တန်းကစားသမား ကွန်ပနီဟာ နည်းပြတာဝန်တွေကို အာရုံစိုက်နိုင်ဖို့ အတွက် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။ မန်စီးတီး နောက်ခံလူဟောင်းလည်းဖြစ်တဲ့ ကွန်ပနီဟာ ပြီးခဲ့တဲ့နှစ်မေလက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဆီကို ကစားသမား၊ နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူခဲ့တာပါ။ အန်ဒါလက်ချ်အသင်းအတွက် ၁၅ ပွဲ ကစားပေးခဲ့တဲ့ ကွန်ပနီဟာ လာမယ့်ရာသီကစပြီး နည်းပြချုပ်အနေနဲ့ အချိန်ပြည့်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေလိုချင်တဲ့ အောင်မြင်မှုတွေပေးနိုင်ဖို့အတွက် နည်းပြအခန်းကဏ္ဍကို အချိန်ပြည့် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကွန်ပနီက ပြောပါတယ်။  နည်းပြ ကွန်ပနီရဲ့ အန်ဒါလက်ချ်အသင်းဟာ ဘယ်လ်ဂျီယံ ပရိုလိဂ်မှာ အဆင့် ၈ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။  ကွန်ပနီဟာ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားစုစုပေါင်း ၁၀ လုံး ရယူနိုင်ခဲ့ပါတယ်။
1 year Ago
Up