နည်းပြဇာဗီ

August 17, 2020

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းကို ကိုင်တွယ်လိုဟု နည်းပြဇာဗီ ပြော

တချိန်မှာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခွင့်ရချင်တယ်လို့ ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီက ပြောပါတယ်။  ဇာဗီဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်ဆတ်အသင်းမှာ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတာပါ။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာတော့ တချိန်မှာ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေကို ကိုင်တွယ်ဖို့ ရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင် ထိပ်တန်းကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေကို ကိုင်တွယ်သွားချင်တယ်လို့ ဇာဗီက ပြောပါတယ်။  ဇာဗီအနေနဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကို ချီးကျူးသွားခဲ့ပေမယ့်လည်း သူ ကိုင်တွယ်လိုတဲ့ အသင်းတွေစာရင်းမှာ လီဗာပူးအသင်းကို ထည့်သွင်း ပြောကြားခဲ့တာတော့ မရှိပါဘူး။ ကလော့ပ်၊ ပိုချက်တီနိုနဲ့ အူနိုင်းအမ်မရီတို့ဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ပတ်ဂွါဒီယိုလာကတော့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ နည်းပြဇာဗီက ချီးကျူးခဲ့ပါတယ်။ 
9 months Ago

July 4, 2020

လာမည့်ရာသီ ဘာစီလိုနာအသင်းကို နည်းပြဇာဗီ ကိုင်တွယ်မည်

စပိန်နည်းပြဇာဗီဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို တာဝန်ယူဖို့  သဘောတူ ထားတယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြချုပ် ဆက်တီယန်နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ်လို့ သတင်းထွက်ပေါ်နေတာပါ။  လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ ၄ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့သာ ကြိုးပမ်းရတော့မယ့် အခြေအနေဖြစ်ပါတယ်။ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုကတော့ ကာတာကလပ် အယ်လ်ဆတ်အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူနေတဲ့ဇာဗီဟာ ရာသီအကုန်မှာ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူ လိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။  ဘာစီလိုနာဂန္ထဝင်ကစာသမားတစ်ဦးဖြစ်တဲ့ ဇာဗီကို အခုနှစ်ဆန်းပိုင်းကတည်းက ဘာစီလိုနာက ခေါ်ယူခန့်အပ်ချင်ခဲ့ပေမယ့် ဇာဗီဘက်က လက်မခံခဲ့တာဖြစ်ပါတယ်။  ဇာဗီဟာ ဘာစီလိုနာမှာ ၇၆၇ ပွဲအထိ ကစားခဲ့ပြီး  လက်ရှိအသင်းခေါင်းဆောင် မက်ဆီနဲ့ လည်း အကောင်းဆုံးတွဲဖက် ကစားနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ 
10 months Ago
Up