အာဆင်နယ်နဲ့ ပွဲစဉ်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝန်ခံလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ အဖြစ် အာဆင်နယ်အသင်းနဲ့ ဇွန် ၁၈ ရက်နေ့ မနက်ပိုင်း ယှဉ်ပြိုင်ရမှာပါ။
ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေက အကောင်းဆုံးပုံစံမရှိသေးကြောင်းနဲ့ ပရီးမီးယားလိဂ်အသင်းအားလုံးဟာလည်း အဲဒီလိုပြဿနာရှိလိမ့်မယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
၃ ပတ်လောက် လေ့ကျင့်ပြီးချိန်မှာ ပွဲစဉ်တပွဲ ကစားနိုင်ပေမယ့်လည်း အဲဒီမတိုင်ခင်မှာ ဆိုဖာပေါ်မှာ ၂ ပတ်လောက် အချိန်ဖြုန်းခဲ့ကြတာကြောင့် အကောင်းဆုံးကြံ့ခိုင်မှု ရရှိနိုင်မှာမဟုတ်သေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ကလပ်အသင်းတွေ အပေါ်မှာ စီးပွားရေးရိုက်ခက်မှုတွေရှိတာကြောင့် လက်ရှိနည်းလမ်းအတိုင်းသာ ဆက်သွားရမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သုံးသပ်ခဲ့ပါတယ်။
8 months Ago