ဖီးလ်နဗီးလ်ကို ခင်မင်ရင်းနှီးမှုကြောင့် နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တာမဟုတ်ကြောင်း မီယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ပြောပါတယ်။
အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို အင်္ဂလန်ကစားသမားဟောင်း ဘက်ခမ်းက ပူးတွဲပိုင်ဆိုင်ပြီး အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတာပါ။
လစ်လပ်နေတဲ့ နည်းပြချုပ်နေရာမှာ အင်္ဂလန်ကစားဖော်ဟောင်း ဖီးလ်နဗီးလ်ကို တာဝန်ပေးခဲ့တာနဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးမှုကြောင့်ဆိုပြီး ဝေဖန်နေကြတဲ့အပေါ် ဘက်ခမ်းက ပြန်လည်ဖြေရှင်းခဲ့တာပါ။
အသင်းပိုင်ရှင်အဖွဲ့က မိတ်ဆွေတစ်ဦးကို ခန့်အပ်တာမျိုးမဟုတ်ဘဲ ကွင်းတွင်းကွင်းပြင်မှာ အကောင်းဆုံးလူပုဂ္ဂိုလ်ဖြစ်တဲ့ ဖီးလ်နဗီးလ်ရဲ့ အရည်အချင်းတွေကြောင့် ခန့်အပ်ခဲ့တာလို့ ဘက်ခမ်းက ပြောပါတယ်။
အသင်းနည်းပြ ရာထူးအတွက် မှန်ကန်သင့်တော်တဲ့ နည်းပြဖြစ်တယ်လို့လည်း အင်္ဂလန်အမျိုးသမီး နည်းပြ ရာထူးကနေ နုတ်ထွက်လာခဲ့တဲ့ နဗီးလ်ကို ဘက်ခမ်းက ချီးကျူးခဲ့ပါတယ်။
1 month Ago