နည်းပြ

November 13, 2021

မန်ယူနည်းပြဆိုးလ်ရှားနေရာတွင် အစားထိုးရန် ဘရန်ဒန်ရော်ဂျာ ရေပန်းစားနေ

မန်ယူအသင်း နည်းပြဆိုးလ်ရှားရဲ့နေရာမှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ ရေပန်း အစားဆုံးဖြစ်လာပါတယ်။ 

The Sun သတင်းစာရဲ့အဆိုအရ ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စတင်စဉ်းစားလာခဲ့ပြီး နည်းပြ ၄ ဦးအထိ လျာထားတယ်လို့သိရပါတယ်။ 

ယူနိုက်တက်အသင်းဟာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ အေဂျက်ဇ်နည်းပြ တမ်ဟတ်ချ်နဲ့ အီတလီနည်းပြ ကွန်တီတို့ လျာထားခဲ့ပြီး ကွန်တီကတော့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။

လက်ကျန် နည်းပြ ၃ ဦးထဲမှာ လက်စတာနည်းပြ ရော်ဂျာက ဆိုးလ်ရှား နေရာဆက်ခံဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အေးဂျင့်ဖြစ်သူက အိုးထရတ်ဖို့ဒ်ကို အရောက်ပို့ဆောင်ဖို့ ယုံကြည်မှုရှိနေတယ်လို့ ဆိုပါတယ်။ 

ရော်ဂျာဟာ ၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဆဲလ်တစ်နဲ့ လိဂ်ချန်ပီယံ ၃ ကြိမ်အပြင် လက်စတာအသင်းမှာလည်း အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

3 weeks Ago

November 3, 2021

နယူးကာဆယ်နည်းပြရာထူးနှင့်ပတ်သက်၍ ဆွေးနွေးနေဟု အူနိုင်းအမ်မရီ ထုတ်ပြော

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းနည်းပြရာထူးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိတယ် လို့ စပိန်နည်းပြ အူနိုင်းအမ်မရီကပြောပါတယ်။ 

ဗီလာရီးယဲလ်အသင်းက ယန်းဘွိုင်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို အမ်မရီက ပြန်လည် ဖြေကြားခဲ့တာပါ။

နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းချက်တော့ မရှိသေးပေမယ့် အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားတယ်လို့ အမ်မရီက အတိအလင်း ပြောပါတယ်။

“တရားဝင်ကမ်းလှမ်းလာရင်တော့ ဗီလာရီးယဲလ်အသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချသွားမှာပါ။ နယူးကာဆယ်ကစိတ်ဝင်စားနေတာနဲ့ ပတ်သက်လို့  တံခါးပိတ်ထားတာမရှိသလို ဖွင့်ထားတာမျိုးလည်းမဟုတ်ပါဘူး”  အူနိုင်းအမ်မရီကပြောပါတယ်။

စပိန်နည်းပြ အမ်မရီဟာ ဆီဗီလာအသင်းနဲ့အတူ နာမည်ကြီးခဲ့ပြီးနောက် ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေကို နည်းပြခဲ့ဖူးပါတယ်။

အမ်မရီကို ခေါ်ယူလိုတယ်ဆိုရင် စာချုပ်လျော်ကြေးပေါင် ၆ သန်းလောက် ပေးရဖို့ရှိပြီး နယူးကာဆယ်ဘက်က ပေးချေရင် အပြောင်းအရွှေ့ဖြစ်နိုင်တယ်လို့သိရပါတယ်။

1 month Ago
More News
Up