နည်းပညာကျောင်းသား

April 6, 2021

ဖမ်းဆီးခံနည်းပညာကျောင်းသား ၃ ဦးကို ဗန်းမော်အကျဉ်းထောင်တွင် ခုံဖွဲ့ စစ်ဆေးမည်

မတ် ၂၄ ရက် မနက် ၅ နာရီကျော်လောက်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အစိုးရနည်းပညာ တက္ကသိုလ်ကျောင်းသား ၃ ယောက်ကို ဗန်းမော်အကျဥ်းထောင်မှာ ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ သိရ ပါတယ်။

ပုဒ်မ ၅၀၅ -ကနဲ့ စွဲချက်တင်မယ်လို့ သိရှိရပြီး လောလောဆယ် TU (ဗန်းမော်) က တာဝန်ရှိ သူတွေနဲ့ ရှေ့နေအချို့ လိုက်ပါဆောင်ရွက် ဝန်းရံပေးနေကြတယ်လို့ သိရပါတယ်။

အခု လက်ရှိမှာ ကျောင်းသား ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရှိရပြီး ကျန်တဲ့သူတွေတော့ အခြေအနေ မသိရှိရသေးပါဘူး။

ဗန်းမော်ခရိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရင်း ကျောင်းသား ၃ ဦး၊ မဇ္စ◌ျိမသတင်းထောက် ၁ ဦးအပါအဝင် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံထားရသူတွေ ရှိနေပါတယ်။

ဒါ့အပြင် စာရင်းအတိအကျ မရနိုင်သေးဘဲ့ ရွှေကူမြို့မှ လူငယ်တွေအပါအဝင် တခြားအရပ်ဒေသက လာရောက်လုပ်ကိုင်စားသောက်နေကြသူ အချို့လည်း ပါဝင်ပြီး ကူညီပေးနိုင်မယ့်အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

1 month Ago
Up