နည်းပြ ပိုချက်တီနိုအား အသင်းတွင် နှစ်ရှည်ဆက်ရှိစေချင်ဟု စပါးဥက္ကဋ္ဌ ပြော

October 16, 2017

နည်းပြ ပိုချက်တီနိုအား အသင်းတွင် နှစ်ရှည်ဆက်ရှိစေချင်ဟု စပါးဥက္ကဋ္ဌ ပြော

အသင်းရဲ့ နည်းပြဖြစ်တဲ့ ပိုချက်တီနိုကို ၁၀ နှစ်၊ ၁၅ နှစ်နီးပါး အသင်းမှာ ရှိစေချင်တယ်လို့ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗီက စပါးအသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိနေတာဟာ ပိုချက်တီနိုရဲ့ စွမ်းဆောင်မှုကြောင့်ဖြစ်ပြီး နောက်ပိုင်းအချိန်တွေမှာ ထိပ်သီး ၄ သင်းစာရင်း ဝင်လာခဲ့တာဟာ ပိုချက်တီနိုရဲ့ အသင်းအပေါ် ဦးဆောင်နိုင်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုချက်တီနိုဟာ သူစတင်ကိုင်တွယ်ခဲ့တဲ့ နှစ်ပိုင်းအတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ ပိုချက်တီနိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်လာဖို့အတွက် လွန်စွာ လွယ်ကူနေတယ်လို့ အသင်းဥက္ကဋ္ဌ လီဗီက ချီးကျူးခဲ့ပါတယ်။ စပါးအသင်းဟာ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
4 years Ago
Up