နည်းပြနှင့် အသင်းဖော်များက မိမိခြေစွမ်းအပေါ် ယုံကြည်မှုရှိဟု ဖယ်လိုင်နီ ပြော

May 24, 2017

နည်းပြနှင့် အသင်းဖော်များက မိမိခြေစွမ်းအပေါ် ယုံကြည်မှုရှိဟု ဖယ်လိုင်နီ ပြော

အသင်းနည်းပြ မော်ရင်ဟိုနဲ့ အသင်းဖော်တွေအားလုံးက မိမိရဲ့ခြေစွမ်းအပေါ် ယုံကြည်မှုရှိကြတယ်လို့ မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီက ပြောကြားလိုက်ပါတယ်။ ဖယ်လိုင်နီရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ပရိသတ်အများစုက ဝေဖန်နေကြတဲ့အပေါ်မှာ သူက ပြန်လည်တုံ့ပြန်လိုက်တာပါ။ ဖယ်လိုင်နီဟာ ဆယ်လ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ တဂိုးသွင်းယူခဲ့ပါတယ်။ အသင်းဝန်ထမ်း၊ နည်းပြနဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုဟာ မိမိအတွက် အရေးပါဆုံးဖြစ်ကာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြီး ခြေစွမ်းပြ ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားတယ်လို့ ဖယ်လိုင်နီက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြဖာဂူဆန် ထွက်ခွာပြီးနောက်မှာ အခက်အခဲတွေရှိခဲ့ပြီး ကစားသမားသစ်တွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်နေရတာကြောင့် အောင်မြင်မှုရဖို့   အချိန်လိုအပ်တယ်လို့လည်း ဖယ်လိုင်နီက ဆိုပါတယ်။ အသက် ၂၉ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီဟာ မန်ယူနည်းပြအဖြစ် ဒေးဗစ်မိုယက်စ် ကိုင်တွယ်စဉ်က အဲဗာတန်အသင်းကနေ ပေါင် ၂၇ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ်က အက်ဖ်အေဖလား ရယူနိုင်ခဲ့ပြီး ဒီနှစ်မှာလည်း လိဂ်ဖလားနဲ့အတူ ယူရိုပါလိဂ်ဖလားကိုလည်း ရရှိအောင် ကြိုးစားသွားမယ်လို့ ဖယ်လိုင်နီက ဆိုပါတယ်။
4 years Ago
Up