ရွန်နီရဲ့ ဒဏ်ရာဟာ မျက်လုံးအထက်မှာ ထိခိုက်မိတာဖြစ်တဲ့အတွက် လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ပွဲထွက်ကစားနိုင်မယ်လို့ နည်းပြရော်နယ်ကိုးလ်မန်းက အတည်ပြုပြောကြားလိုက်ပါတယ်။
အဲဗာတန် တိုက်စစ်မှူး ရွန်နီဟာ ဘုန်းမောက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နောက်ခံလူ ဖရန်စစ်နဲ့ ခေါင်းချင်းယှဉ် အတိုက်မှာ တံတောင်နဲ့ ရိုက်မိခဲ့လို့ မျက်ခုံးကွဲခဲ့တာပါ။
ဒဏ်ရာကြောင့် မျက်လုံးပေါ်ကနေ သွေးတွေ ကျဆင်းခဲ့တဲ့အတွက် မျက်လုံးထိခိုက်မိတယ်လို့ ထင်မှတ်ခဲ့ကြတာပါ။
ရွန်နီဟာ ဒုတိယပိုင်းမိနစ် ၅၀ အထိ ဆက်လက်ကစားခဲ့ပြီး သူ့ကိုလူစားလဲခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့်မဟုတ်ဘဲ နည်းစနစ်ပိုင်းအရ လူစားလဲခဲ့တာဖြစ်တယ်လို့ နည်းပြ ရော်နယ်ကိုးမန်းကပြောပါတယ်။
အဲဗာတန်အသင်းဟာ ရွန်နီရဲ့နေရာမှာ လူစားဝင်ကစားတဲ့ တိုက်စစ်မှူး နက်စီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့ပါတယ်။
ရွန်နီအနေနဲ့ လာမယ့်ကြာသပတေးနေ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပြန်လည် ပွဲထွက်ကစားနိုင်မယ်လို့ သိရပါတယ်။
3 years Ago