နည်းပြဟောင်း ဟေးနက်စ်ကို ဘိုင်ယန်နည်းပြအဖြစ် ပြန်လည်ခန့်အပ်

October 6, 2017

နည်းပြဟောင်း ဟေးနက်စ်ကို ဘိုင်ယန်နည်းပြအဖြစ် ပြန်လည်ခန့်အပ်

ဘိုင်ယန်မြူးနစ်အသင်းက နည်းပြသစ်နေရာအတွက် နည်းပြဟောင်း ဟေးနက်စ်ကို ပြန်လည် ခန့်အပ်လိုက်ပါတယ်။ အသက် ၇၂ နှစ်ရှိ နည်းပြဟောင်းဖြစ်တဲ့ ဟေးနက်စ်ကို ဘိုင်ယန်အသင်းက ၄ ကြိမ်မြောက်အဖြစ် ခန့်အပ်လိုက်တာပါ။ ဘိုင်ယန်မြူးနစ်ဟာ နည်းပြ အန်စလော့တီကို ထုတ်ပယ်အပြီး နည်းပြလက်မဲ့ ဖြစ်နေတာပါ။ နည်းပြရာထူးအတွက် မန်ယူနည်းပြဟောင်း ဗန်ဟားနဲ့ ဘာစီလိုနာနည်းပြဟောင်း ဟင်နရီကေးတို့လည်း ရေပန်းစားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တကျော့ပြန် နည်းပြဖြစ်လာတဲ့ ဟေးနက်စ်ဟာ ၂၀၁၃ ခုနှစ်အတွင်း အသင်းရဲ့သမိုင်းမှာ အဓိကျတဲ့ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ် အပါအဝင် ဖလား ၃ လုံး ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဘဝတုန်းကလည်း ချန်ပီယံလိဂ်ဖလားကို ၁ ကြိမ် ရယူခဲ့ပါတယ်။ နည်းပြ ဟေးနက်စ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ တကျော့ပြန် အောင်မြင်မှုတွေကို ယူဆောင်လာနိုင်မလား ဆိုတာကတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားနေပါတယ်။
4 years Ago
Up