နည်းပြဟောင်း ဗန်ဟားနှင့်အဖွဲ့ကို ထုတ်ပယ်ရန် မန်ယူ ပေါင် ၈ ဒသမ ၄ သန်း သုံးစွဲခဲ့

September 13, 2016

နည်းပြဟောင်း ဗန်ဟားနှင့်အဖွဲ့ကို ထုတ်ပယ်ရန် မန်ယူ ပေါင် ၈ ဒသမ ၄ သန်း သုံးစွဲခဲ့

မန်ချက်စတာယူနိုက်အသင်းဟာ နည်းပြဟောင်း ဗန်ဟားနဲ့အဖွဲ့ကို ထုတ်ပယ်ဖို့အတွက် ပေါင် ၈ ဒသမ ၄ သန်းအထိ သုံးစွဲခဲ့ရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၅ ပဲ ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့လို့ နည်းပြ ဗန်ဟားကို ထုတ်ပယ်လိုက်တာပါ။ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီး ၄၈ နာရီအတွင်းမှာပဲ နည်းပြ ဗန်ဟားနဲ့ အဖွဲ့ကို ထုတ်ပယ်ခဲ့တာပါ။ အိုးထရက်ဖို့အခြေစိုက် မန်ယူအသင်းဟာ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ငွေစာရင်းမှာတော့ တနှစ်အတွက် ၀င်ငွေ ပေါင် ၅၁၅ ဒသမ ၃ သန်းနဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။
5 years Ago
Up