နည်းပြအလုပ်ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း မန်ယူနဲ့ နယ်သာလန်အသင်း နည်းပြဟောင်း လူးဝစ်ဗန်ဟားက ပြောဆိုလိုက်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဗန်ဟားဟာ နည်းပြအလုပ်မှာ ၂၆ နှစ်ကြာ ကျင်လည်အပြီး အနားယူလိုက်တာပါ။
နည်းပြ ဗန်ဟားက သူ့အနေနဲ့ အနားယူဖို့လိုပြီ ဖြစ်တာကြောင့် ဘောလုံးလောကထဲ နောက်ထပ် ပြန်လာတော့မှာ မဟုတ်ဘူးလို့ ဒတ်ခ်ျ သတင်းစာတစောင်ကို ပြောဆိုသွားပါတယ်။
သူဟာ အေဂျက်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူအသင်းတို့မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေဖလားတွေကို ရရှိခဲ့ပါတယ်။
6 years Ago