နည်းပြဘဝ နောက်ဆုံးအချိန်ကာလ ရောက်နေပြီဟု ဂွါဒီယိုလာ ပြော

January 4, 2017

နည်းပြဘဝ နောက်ဆုံးအချိန် ရောက်ပြီဟု ဂွါဒီယိုလာ ပြော

လက်ရှိအချိန်ဟာ နည်းပြဘဝရဲ့ နောက်ဆုံးအချိန်ကာလကို ရောက်ရှိနေပြီလို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ အသက် ၆၀-၆၅ နှစ်လောက်အထိ ဘောလုံးနည်းပြအဖြစ် ဆက်တာဝန်ယူနေမှာ မဟုတ်ဘဲ လက်ရှိအချိန်ဟာ နည်းပြဘဝရဲ့ နောက်ဆုံးအချိန်ကာလတခု ရောက်ရှိနေပြီလို့ ဂွါဒီယိုလာက ပြောကြားလိုက်တာပါ။ အသက် ၄၅ နှစ်ရှိ စပိန်နည်းပြ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းမှာ နောက်ထပ် သုံးရာသီ လောက်အထိ ဆက်လက် နည်းပြမှာ ဖြစ်ပြီး အဲဒီအချိန်ကာလထက် အနည်းငယ်ပဲ ကြာနိုင်တယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ သူရဲ့နည်းပြဘဝ နောက်ဆုံးအသင်း ဖြစ်နိုင်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းဟာ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာ ၁ ယောက်လျော့ ကစားခဲ့ရပေမယ့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေကို ဖိအားပေးနိုင်ခဲ့ပါတယ်။
5 years Ago

January 3, 2017

နည်းပြဘဝ နောက်ဆုံးအချိန်ကာလ ရောက်နေပြီဟု ဂွါဒီယိုလာ ပြော

လက်ရှိအချိန်ဟာ နည်းပြဘဝရဲ့ နောက်ဆုံးအချိန်ကာလကို ရောက်ရှိနေပြီလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ အသက်၆၀ - ၆၅ နှစ်လောက်အထိ ဘောလုံးနည်းပြအဖြစ် ဆက်တာဝန်ယူနေမှာမဟုတ်ဘဲ လက်ရှိအချိန်ဟာ နည်းပြဘဝရဲ့ နောက်ဆုံးအချိန်ကာလတခု ရောက်ရှိနေပြီလို့ ဂွါဒီယိုလာက ပြောကြားလိုက်တာပါ။ အသက် ၄၅ နှစ်ရှိ စပိန်နည်းပြ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းမှာ နောက်ထပ်သုံးရာသီလောက်အထိ ဆက်လက် နည်းပြမှာဖြစ်ပြီး အဲဒီအချိန်ကာလထက် အနည်းငယ်ပဲ ကြာနိုင်တယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ သူ့ရဲ့ နည်းပြဘဝ နောက်ဆုံးအသင်း ဖြစ်နိုင်တယ်လို့လည်း ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးအသင်းဟာ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာ တယောက်လျော့ ကစားခဲ့ရပေမယ့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေကို ဖိအားပေးနိုင်ခဲ့ပါတယ်။
5 years Ago
Up