စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြ ဇီဒန်းကို ၃ နှစ်စာချုပ်နဲ့ သက်တမ်းတိုးလိုက်ပါတယ်။
နည်းပြ ဇီဒန်းဟာ ၁၈ လကြာ သက်တမ်းအတွင်းမှာ ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါ ချန်ပီယံဆုတွေကို ရယူထားပါတယ်။
နည်းပြ ဇီဒန်းက ရီးရဲလ်မှာ နေရတဲ့ အဓိက အကြောင်းအရာတွေက စာချုပ်သက်တမ်း တိုးတာထက်ပိုပြီး လေးနက်တယ်လို့လည်း ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ပြင်သစ်ကစားသမားဟောင်း ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဘီအသင်းမှာ စတင် တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်မှာ ရီးရဲလ်အသင်းကြီးရဲ့ နည်းပြ ဖြစ်လာတာပါ။
ရီးရဲလ်အသင်းဟာ ဒီကနေ့ညမှာ ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago