နည်းပြချုပ်အဖြစ် ခန့်အပ်

May 30, 2017

ဗယ်လ်လာဒီကို ဘာစီလိုနာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်

ဘာစီလိုနာအသင်းဟာ အသင်းနည်းပြချုပ်ရာထူးအတွက် ဘီဘာအိုလ်နည်းပြဟောင်း ဗယ်လ်ဗာဒီကို တရားဝင်ခန့်အပ်လိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အောင်မြင်မှုမရခဲ့တဲ့ နည်းပြ လူးဝစ်အင်နရီကေးနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး စပိန်နည်းပြတဦးဖြစ်တဲ့ ဗယ်လ်ဗာဒီကို ခန့်အပ်လိုက်တာပါ။ ဗယ်လ်ဗာဒီနဲ့ ဘာစီလိုနာအသင်းတို့ ၂ နှစ်စာချုပ်နဲ့ ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ ကစားသမားဟောင်းဖြစ်တဲ့ အသက် ၅၃ နှစ်ရှိ ဗာယ်လ်ဗာဒီဟာ တိုက်စစ်မှူးအဖြစ် ဘာစီလိုနာအသင်းမှာ ၁၉၈၈ ကနေ ၁၉၉၀ အထိ ကစားခဲ့ဖူးပါတယ်။ ၂၀၀၁ ခုနှစ်က နည်းပြဘဝကို စတင်ခဲ့ပြီး ဘီဘာအိုလ်၊ အက်စပန်ညို၊ဗီလာရီးယဲလ်၊ အိုလံပီယာကော့စ်၊ ဗင်လင်စီယာအသင်းတွေမှာ နည်းပြခဲ့သူပါ။ ၂၀၁၃ ခုနှစ်က စပြီး ဘီဘာအိုလ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဒီနှစ် ဘောလုံးရာသီအကုန်မှာ ရာထူးက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဗာယ်လ်ဗာဒီအနေနဲ့ ဘာစီလိုနာအသင်းကို ကစာသမား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ စပိန်အခြေစိုက် သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
4 years Ago
Up