နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

July 15, 2016

နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ (သတင်းဓာတ်ပုံ)

ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ (TVET Forum) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC - ll) မှာ ကျင်းပနေပါတယ်။ ဒီဖိုရမ်ကို ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် စတဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်နေပါတယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ ပိုမိုကောင်းမွန်သော အလုပ်အကိုင် ရရှိရေးနှင့် ခေတ်မီသော စီးပွားရေးကို ပုံဖော်ရန်၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၏ သင်ယူနိုင်မှု အခွင့်အလမ်း၊ အရည်အသွေးနှင့် စီမံခန့်ခွဲမှုများအား မြှင့်တင်ရေး စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  
7 years Ago
Up