အမေရိကန် အမျိုးသားအာကာသသိပ္ပံအသင်း (နာဆာ) ရဲ့ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ ဝါးလာ့ပ်စ် စခန်းကနေ နည်းပညာတိုးတက်ရေး စီမံကိန်း ၃ ခုကို သယ်ဆောင်ထားတဲ့ ဒုံးပျံတစီး မတ် ၇ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။
အာကာသပတ်လမ်းရဲ့ မိုက်ခရိုဆွဲအား သဘာဝပတ်ဝန်းကျင်နယ်ပယ်က နည်းပညာသစ် ၃ ရပ် ပါသွားတယ်လို့ နာဆာက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ အစီရင်ခံထားပါတယ်။
အာကာသထဲ လွှတ်တင်လိုက်တဲ့ နည်းပညာတွေကို နာဆာရဲ့ အာကာသနည်းပညာ စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ကမကထ ပြုထားပါတယ်။
၄၄၈ ပေါင်လေးပြီး အဆင့် ၂ ဆင့်ပါတဲ့ ဒုံးကျည်ဟာ အမြင့် မိုင် ၁၀၀ ထိ ရောက်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
လွှတ်တင်ပြီး ၁၉ မိနစ်အကြာမှာ ဝါးလာ့ပ်စ်ကျွန်းကနေ ၅၆ မိုင်အကွာ အတ္တလန္တိတ် သမုဒ္ဒရာထဲကို ကျရောက်မယ်၊ လေထီးကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
လွှတ်တင်မှုကို ကြည့်နိုင်ဖို့ နာဆာရဲ့ ဧည့်သည်တော်ဌာနကို ဖွင့်ပေးထားခဲ့ပါတယ်။
5 years Ago