နည်းပညာတက္ကသိုလ်

July 16, 2018

မန္တလေး နည်းပညာတက္ကသိုလ်​မှာ သု​တေသန​ဖောင်​​ဒေးရှင်း ရန်​ပုံ​ငွေစိုက်​ထူ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ မန္တလေးနည်းပညာတက္ကသိုလ်​မှာ မန္တလေး တိုင်းေ​ဒသကြီး သု​တေသန​ဖောင်​​ဒေးရှင်း ရန်​ပုံ​ငွေစိုက်​ထူပွဲကို  ဇူလိုင် ၁၅ ရက်က ကျင်းပပါတယ်။ မန္တလေးတိုင်း​ရှိ တက္ကသိုလ်​​တွေ​က သု​တေသီတွေ၊  သု​တေသန ​ဆောင်​ရွက်​လိုသူတွေအတွက်​ တာဝန်​တခုအ​နေနဲ့ ​ပေးအပ်​လိုက်​တဲ့​ နေ့တ​နေ့ ဖြစ်ပြီး သု​တေသန ​ဖောင်​​ဒေးရှင်းအတွက်​ ကျပ်သိန်း​ ၁၅ဝဝ ​ကျော်​ကို စု​ပေါင်းလှူဒါန်း​ပေးကြတယ်လို့ မန္တလေး နည်းပညာတက္ကသိုလ်​ ပါ​မောက္ခ​ဒေါက်​တာဆင့်​စိုးက​ ပြောပါတယ်​။ ရန်ပုံငွေ စိုက်ထူပွဲကို မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်မောင်​၊ သု​တေနလုပ်​ငန်းကြီးတွေမှာ အ​ထောက်​အကူအဖြစ် ​ပါဝင်​​ပေးကြမယ့် တက္ကသိုလ်​အသီးသီးက ပါ​မောက္ခချုပ်​နဲ့​ ကျောင်းအုပ်​ကြီးတွေ၊ မြန်​မာနိုင်​ငံ အင်​ဂျင်​နီယာအသင်း၊ ကွန်​ပျူတာတက္ကသိုလ်​က ဆရာတွေနဲ့  အလှူရှင်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ မန္တလေးတိုင်း ဝန်​ကြီးချုပ်​​ ဒေါက်​တာ​ဇော်​မြင့်မောင်​က “သု​တေသန​ဖောင်​​ဒေးရှင်း​တွေ လုပ်​​နေ၊ သု​တေသန​တွေ ဘယ်​​လောက်​ပဲ လုပ်​လုပ်​ ငြိမ်းချမ်း​ရေးမရှိရင် ​မဖွံ့ဖြိုး မတိုးတက်​နိုင်​ဘူး။ တိုင်းပြည်​ဖွံ့ဖြိုးတိုးတက်​​စေချင်​တယ်​ ဆိုရင်​​တော့ အ​ခြေခံကျတဲ့ ငြိမ်းချမ်း​ရေးတခု တည်​​ဆောက်​ဖို့ လိုတယ်​”လို့ ပြောသွားပါတယ်​။
3 years Ago

June 4, 2017

နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများသမဂ္ဂ စတင်ဖွဲ့စည်း

မြိတ်မြို့မှာ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ကို ဇွန်လ ၃ ရက်နေ့တွင် တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်လို့ ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ကို အမှုဆောင်အဖွဲ့ဝင် ၇ ဦးနဲ့ ကျောင်းသား အဖွဲ့ဝင် ၂၀ ဦးကျော်နဲ့ တရားဝင် ဘုတ်အဖွဲ့ကို စာတင်ပြီး ဖွဲ့စည်းလိုက်တာတယ်လို့ ပြင်ပဆက်ဆံရေး တာဝန်ခံ သမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးက ဇွန်လ ၄ ရက်နေ့ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ လောကအလင်း ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေမှာ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ ပထမဆုံး တရားဝင်အဖြစ် ဖွဲ့စည်းခွင့် ရရှိတဲ့ ကျောင်းတကျောင်း ဖြစ်တယ်လို့  သမဂ္ဂအဖွဲ့ဝင် ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုဖြိုးသီဟအောင်က ပြောပါတယ်။ လက်ရှိ ဖွဲ့စည်းလိုက်တဲ့ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဟာ ရှေ့လုပ်ငန်းစဉ်တွေကို လာမယ့်အပတ်မှာ စည်းရုံးရေကို စတင် ပြုလုပ် သွားမှာဖြစ်ပြီး ကျောင်းတွင်း ရေးရာကိစ္စတွေကို  ပြုလုပ်သွားမယ်လို့  သိရပါတယ်။ အဆိုပါ နည်းပညာတက္ကသိုလ် (မြိတ်) ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး မေလ (၂၉ ရက်နဲ့ ၃၀) ရက်တွေမှာ ကော်မတီ အစည်းအဝေး ၂ ကြိမ် ပြုလုပ်ပြီး ကော်မတီအဖွဲ့ဝင်တွေ ရွေးကောက်တင်မြောက်ပြီး ဥက္ကဋ္ဌ အဖြစ် ကိုဖြိုးသီဟအောင်၊ ဒု- ဥက္ကဋ္ဌ မောင်ထွန်းတောက်ရဲ၊ အထွေထွေအတွင်းရေးမှူး မပြုံးရွှေစင်စောပို၊ ဘဏ္ဍရေးတာဝန်ခံ မသန္တာဆွေ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းလွင်ဦး၊ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မောင်ခန့်ဇင်ဝေ၊ စည်းရုံးရေးမှူး မဟေမာစိုးနဲ့ ဗဟိုအလုပ်မှုဆောင်တွေအဖြစ် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
4 years Ago
Up