နည်းစနစ်

January 21, 2019

နည်းပြဆာရီ၏ နည်းစနစ်ကို ချဲလ်ဆီးကစားသမားများ ယုံကြည်မှုရှိကြောင်း ဒေးဗစ်လူးဝစ်ပြော

ချဲလ်ဆီးကစားသမားတွေအားလုံးဟာ နည်းပြ မတ်ဆာရီရဲ့ နည်းစနစ်အပေါ်မှာ ယုံကြည်မှုရှိတယ်လို့ နောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆာရီရဲ့ နည်းစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ မိုပိုများပြားလာတာဖြစ်ပါတယ်။ အသင်းတသင်းဟာ နည်းပြရဲ့ နည်းစနစ်ကစားကွက်နဲ့ အကောင်းဆုံး အံဝင်ဖို့အတွက် အချိန်လိုအပ်တယ်ဆိုတာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေက သာဓကဖြစ်တယ်လို့ လူးဝစ်က ပြောပါတယ်။ ဒါကြောင့် နည်းပြဆာရီရဲ့ နည်းစနစ်အပေါ်မှာ အားလုံးက ယုံကြည်မူရှိပြီး  အကောင်းဆုံးခြေစွမ်းရဖို့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ လူးဝစ်ကဆိုပါတယ်။ နည်းပြဆာရီရဲ့ နည်းစနစ်နဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းလိုဖြစ်အောင် တည်ဆောက်နိုင်ကြောင်းနဲ့ တိုက်စစ်ပိုင်းမှာတော့ အခုထက် ပိုကောင်းဖို့ လိုအပ်တယ်လို့ ဒေးဗစ်လူးဝစ်က ၀န်ခံပြောကြေားသွားပါတယ်။
2 years Ago

နည်းစနစ်ပိုင်း ဝေဖန်မှုများအပေါ် မော်ရင်ဟို ပြန်လည်တုံ့ပြန်

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက သူ့ရဲ့နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ဘတ်စ်ကားကွက်လို့ ဝေဖန်ကြတဲ့အပေါ် ပြန်လည်တုံ့ပြန် ပြောဆိုသွားပါတယ်။ ကာတာအခြေစိုက် ရုပ်သံတခုဖြစ်တဲ့ BeInSports ရဲ့ သုံးသပ်​ချက်​ အစီအစဉ်​မှာ ပြောဆိုခဲ့တာဖြစ်ပြီး ဘတ်စ်ကားကွက်ဆိုတဲ့နာမည်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူစဉ်ကစပြီး ဖြစ်နိုင်တယ်လို့ မော်ရင်ဟိုက အရွဲ့တိုက်ပြီး ပြန်လည်တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကားကွက်ဆိုတဲ့ ခံစစ်အသားေ​ပးတဲ့ ကစားပုံဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ် ၁၀၀ ရပြီး သွင်းဂိုး ၁၀၆ ဂိုးသွင်းကာ လာလီဂါချန်ပီယံဆု ရယူခဲ့တဲ့အချိန်​က ​ပြောဆိုကြတာဖြစ်​ပြီး သူဟာ စပိန်ဘောလုံးလောကရဲ့ စံချိန်မှတ်တမ်းတွေကို ချိုးဖျက်​ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်​ စပိန်ဘောလုံးလောကရဲ့ စံချိန်မှတ်တမ်းတွေက ဘာစီလိုနာမဟုတ်​​ဘဲ ရီးရဲလ်မက်ဒရစ်ဖြစ်​​ကြောင်းနဲ့ လူ​​တွေက ခံစစ်အသားပေးကောင်လို့ ဆိုကြတဲ့ အဲဒီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြက စံချိန်အားလုံးကို အနိုင်ယူခဲ့တယ်​လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ ရီးရဲလ်အသင်းကို ကိုင်တွယ်ချိန်မှာ ဘာစီလိုနာအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ပြီး ဘာစီလိုနာရဲ့ အ​ကောင်းဆုံးအချိန်တွေကို ချိုးဖျက်ခဲ့တယ်လို့လည်းေ​မ်ာရင်ဟိုက ပြောပြသွားခဲ့ပါတယ်။ မော်​ရင်​ဟိုဟာ ရီးရဲလ်​နဲ့အတူ ဂိုးအများဆုံးစံချိန်​နဲ့ ချန်​ပီယံဖြစ်​ခဲ့တာပါ။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းက ထွက်လာပြီးနောက် အလုပ် ၃ ခုက ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့လည်း BeIn Sports နဲ့ သုံးသပ်ချက်စကားဝိုင်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
2 years Ago
Up