နဇာနင်ဇာဂါရီ ရတ်ဒ်ကလစ်ဖ်

A d v e r t i s e m e n t With Us

March 18, 2020

ဗြိတိသျှ-အီရန် အမျိုးသမီး ၁ ဦးကို အီရန်နိုင်ငံက ယာယီပြန်လွှတ်ပေး

အီရန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗြိတိသျှ-အီရန် လူမျိုးတဦးကို အီရန်အစိုးရက ယာယီနှစ်ပတ် ပြန်လွှတ်ပေးလိုက်တယ်လို့ မတ် ၁၇ ရက်နေ့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ နဇာနင်ဇာဂါရီ ရတ်ဒ်ကလစ်ဖ်လို့ ခေါ်တဲ့ ပရဟိတလုပ်သားအမျိုးသမီးဟာ အီရန် ဘာသာရေးစနစ်ကို ဖြုတ်ချရန် ကြံစည်မှုစွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံနေခဲ့ရပြီးမှ အစိုးရက အခုလို ယာယီနှစ်ပတ် ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။  အကျဉ်းထောင်က လွတ်လာပြီးနောက် ဇာဂါရီရတ်ဒ်ကလစ်ဖ်ဟာ အခုတော့ တီဟ်ရန် အနောက်ပိုင်းက မိဘတွေရဲ့နေအိမ်မှာ တည်းခိုနေကာ အာဏာပိုင်တွေ သတ်မှတ်ချက်အရ နေအိမ်ကနေ မီတာ ၃၀၀ အတွင်းပဲ သွားလာလှုပ်ရှားခွင့် ကန့်သတ်ခံထားရတယ်လို့လည်း သိရပါတယ်။ မစ္စရတ်ဒ်ကလစ်ဖ်ရဲ့ အမျိုးသား ရစ်ချတ်ဟာ ဇနီးဖြစ်သူ လွတ်မြောက်ရေးအတွက် ဗြိတိသျှအစိုးရထံ အဆက်မပြတ် တေင်းဆိုခဲ့ပြီး၊ အစောပိုင်းကလည်း အကျဉ်းထောင်ထဲမှာ ဇနီးဖြစ်သူ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်ကြောင်း အာဏာပိုင်တွေကို တောင်းဆို ပြောကြားခဲ့ပါသေးတယ်။ အီရန်အာဏာပိုင်တွေဟာ မတ် ၁၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၈၅၀၀၀ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကာကွယ်ရေးအနေနဲ့ ထောင်တွေကနေ ယာယီပြန်လွှတ်ခဲ့တယ်လို့ အီရန်တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားထားပါတယ်။ မစ္စရတ်ဒ်ကလစ်ဖ်ဟာ ၂၀၁၆ ဧပြီက ဗြိတိန်ကို ပြန်ဖို့ သမီးဖြစ်သူနဲ့အတူ တီဟီရန်လေဆိပ်မှာ ရှိစဉ် အီရန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါ။
12 months Ago
Up