နစ်ဆန်းကုမ္ပဏီ

A d v e r t i s e m e n t With Us

January 11, 2020

နစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌဟောင်း၏ဇနီးကို ဖမ်းပေးရန် အင်တာပိုလ်ကို ဂျပန်အစိုးရ အကူအညီတောင်း

နစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂွန်းရဲ့ ဇနီးကို ကူညီဖမ်းဆီးပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကို  ဂျပန်အစိုးရက ဇန်နဝါရီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။  ဂွန်းစ်ရဲ့ ဇနီး ကာရိုးလ်ဟာ  ဂျပန်တရားစီရင်ရေးကနေ ရှောင်ပြေးနေတယ်လို့ နိုင်ငံပိုင် NHK channel က အစီရင်ခံပါတယ်။  မုသားသက်သေခံမှုအတွက် ကာရိုးလ်အား ဖမ်းမိန့်ကို တိုကျိုရဲတပ်ဖွဲ့က ဒီသီတင်းပတ်အစောပိုင်းမှာ ရခဲ့ပါတယ်။  နောက်ပြီး အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရေးအဖွဲ့ကို ဒီအမှုမှာ  ပူးပေါင်းဆောင်ရွက်ဖို့ တိုကျိုရဲတပ်ဖွဲ့က တိုက်တွန်းခဲ့ပါတယ်။  ဂွန်းစ်ရဲ့ဇနီး ကာရိုးလ်ဟာ ဂွန်းစ်နဲ့ ကြိမ်ဖန်များစွာ  အပြန်အလှန် မက်ဆေ့ဂျ်ပေးပို့တာတွေ ရှိပေမယ့် ဂွန်းစ်ကို သိတယ်ဆိုတာကို ငြင်းဆန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။  နောက်ပြီး ကာရိုးလ်ဟာ အမှုနဲ့သက်ဆိုင်တဲ့ အထောက်အထားကို ဖျက်ဆီး ပစ်နိုင်လောက်တယ် ဆိုပြီးလည်း ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။  ကာရိုးလ်ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ဂျပန်အစိုးရရဲ့ အင်တာပိုလ်ကို တိုက်တွန်းချက်ဟာ ခင်ပွန်း လွတ်မြောက်သွားတဲ့အတွက် လက်စားချေတာလို့ ပြောပါတယ်။
1 year Ago
Up