ဘိုင်ယန်မြူးနစ်နောက်ခံလူ နစ်ကလပ်ဆူးလာဟာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျာမနီလက်ရွေးစင် ဆူးလာဟာ မန်ယူအသင်း ဆီ ပြောင်းရွှေ့ကစားနိုင်ဖို့ အိပ်မက်တခုဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ နစ်ကလပ်ဆူးလာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် ၁၆ ပွဲ ကစားခွင့်ရခဲ့ပါတယ်။
ကလပ်အသင်းမှာ ပွဲထွက်ခွင့်မရပေမဲ့ ဂျာမနီအသင်းကြီးမှာတော့ ပြန်လည်ရွေးချယ်ခံခဲ့ ရပါတယ်။
Bild သတင်းစာက ခရစ္စတီယန်ဖော့ခ်ကလည်း နောက်ခံလူ နစ်ကလပ်ဆူးလာဟာ တချိန်မှာ မန်ယူနိုက်တက်အသင်းမှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။
အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဆူးလာဟာ ဂျာမနီလက်ရွေးစင်အတွက် ၂၉ ပွဲ ကစားထားပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။
5 months Ago