နစ်မြုပ်ပျောက်ဆုံး

August 12, 2017

ဒိန်းမတ်တွင် ရေငုပ်သင်္ဘောတစီး နစ်မြုပ်ပျောက်ဆုံး

ပေါင် ၁ သိန်း ၆ သောင်းအကုန်ကျခံ တီထွင်ထားတဲ့ ရေငုပ်သင်္ဘောတစီး သင်္ဘောဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နည်းပညာပြဿနာကြောင့် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်ဆိပ်ကမ်းမှာ နစ်မြှုပ်သွားခဲ့ပါတယ်။ ဒိန်းမတ်လူမျိုး တီထွင်သူ သင်္ဘောပိုင်ရှင် ပီတာမက်ဒ်ဆန်က ယူစီ-၃ နော်တီလက်စ် ရေငုတ်သင်္ဘောကို ၂၀၀၈ ခုနှစ်မှာ စတင်ခုတ်မောင်းမှု မပြုခင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပြီး ရေငုပ်သင်္ဘောက သြဂုတ် ၁၀ ရက်နေ့ည ၈ နာရီခွဲမှာ ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီး ပြန်မရောက်လာတော့ပဲ မနက် ၂ နာရီခွဲမှာ ပျောက်ဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သင်္ဘောနဲ့အတူ ပါသွားတဲ့ တီထွင်သူ ပီတာမက်ဒ်ဆန်ကတော့ အသက်အန္တရာယ်ကင်းပြီး ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ သင်္ဘောငြိမ်ဖို့ ဝမ်းစာဖြည့်တဲ့ကန် အဆို့ရှင်မှာ ပြဿနာဖြစ်ပြီး ကြိုးစားပြီးပြင်ဆင်ပေမယ့် အရမ်းဆိုးရွားရွားဖြစ်လာတယ်လို့ ဒိန်းမတ်တီထွင်သူက ပြောပါတယ်။ “နော်တီလက်စ်ကို ရေအောက်ထဲ ရောက်ဖို့/မြှုပ်ဖို့ ကျနော် စက္ကန့် ၃၀ အချိန်ယူရတယ်၊ ပြီးတော့ ဒါကို ပိတ်လို့ မရတော့ဘူး၊ ဒါမှမဟုတ် တခုခုပဲ” လို့ ပီတာမက်ဒ်ဆန်က နစ်မြုပ်သင်္ဘောကနေ ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။ “ဒါပေမယ့် သဘောင်္ အရမ်းကောင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ခုချိန်ထိ အဲ့ဒီအောက်မှာ ရှိနေနိုင်တယ်လေ” လို့ မစ္စတာ မက်ဒ်ဆန်က ဆက်ပြောပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ ပီတာမက်ဒ်ဆန် တဦးတည်းလို့ ဒေသခံရုပ်သံသတင်းကွန်ရက် တီဗွီ-၂ ကို မစ္စတာမက်ဒ်ဆန်က ပြောပေမယ့် ရေငုပ်သင်္ဘောပေါ် ပါသွားတဲ့ ဆွီဒင်လူမျိုး သတင်းထောက် အမျိုးသမီးတဦးလည်း ပျောက်နေတယ်လို့ ဆွီဒင်ရဲတွေက ရုပ်သံသတင်းကွန်ရက်ကို ပြောလိုက်ပါတယ်။ ရေငုပ်သင်္ဘောပြန်လာရမယ့် အချိန်မှာ ပြန်မရောက်လာလို့ သတင်းထောက်အမျိုးသမီးရဲ့ ရည်းစားဖြစ်သူက အကြောင်းကြားခဲ့တာလို့ ဒေသခံရုပ်သံသတင်းဌာနက ပြောပါတယ်။ ရေငုပ်သင်္ဘော နစ်မြှုပ်တဲ့နေရာကို ရေငုပ်သမားတွေ ပို့ဆောင်ထားပြီး သြဂုတ် ၁၁ ရက်နေ့မနက် ကိုပင်ဟေဂင်ဆိပ်ကမ်းမှာ ဒိန်းမတ်စစ်တပ်က ကယ်ဆယ်ရေး ဟယ်လီကော်ပတာ ၂ စင်း၊ သဘောင်္ ၃ စီးနဲ့ ဒိန်းမတ်ငွေ ၁.၅ သန်းကျတဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘောကို ရှာဖွေပေးနေကြတယ်လို့ ဆိုပါတယ်။ “ကိုယ်ပိုင် ရေငုပ်သင်္ဘော နော်တီလက်စ်ကို Koge ပင်လယ်အော်မှာ ခုတ်မောင်းနေတာ တွေ့တယ်” လို့ ဆွီဒစ်ရှ်ကာကွယ်ရေးတပ်က သြဂုတ် ၁၁ ရက် ယူကေစံတော်ချိန် မနက် ၉ နာရီအချိန် တွီတာမှာ ရေးသားထားကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up