ချင်းတွင်းမြစ်တွင်း ဟုမ္မလင်းမှ မုံရွာကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်နစ်မြုပ်ခဲ့မှုမှာ မနေ့ မနက်ထိ သေဆုံးသူ အမျိုးသမီး ၂၈ ဦးအမျိုးသား ၁၀ ဦး စုစုပေါင်း ၃၈ ဦးရှိနေပြီလို့ လူကယ်ပြန်ဌာနသိရပါတယ်။
ကနီမြို့ မိချောင်းရွာနားမှာ အောက်တိုဘာ၁၅ ရက်က ရေယာဉ်မတော်တဆ တိမ်းမှောက် သွားတာဖြစ်ပြီး နစ်မြုပ်သွားတဲ့ စက်လှေကို ဆယ်ယူရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင် နေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - Sagaing Regional lnformation Page
4 years Ago