နစ်မြုပ်မှု

A d v e r t i s e m e n t With Us

June 1, 2019

အပျော်စီးသင်္ဘောနစ်မြုပ်မှု တောင်ကိုရီးယာနှင့်ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ကြည့်ရှု

တောင်ကိုရီးယားနိုင်ငံသား ၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ ဒန်ညှမြစ် အပျော်စီးသဘောင်္ နစ်မြုပ်ရာနေရာကို  မေလ ၃၁ ရက်က တောင်ကိုရီးယားနဲ့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။ မေလ ၂၉ ရက်က ဟန်ဂေရီနိုင်ငံ  ဘူတာပစ်မြို့က ဒန်ညုမြစ်အတွင်း အပျော်စီးသဘောနဲ့ ဇိမ်ခံ သဘောင်္ကြီးတို့ တိုက်မိရာကနေ အပျော်စီးသင်္ဘော နစ်မြုပ်သွားခဲ့တာပါ။ အဲဒီနစ်မြုပ်မှုမှာ  အပျော်စီးသဘောင်္ပေါ်လိုက်ပါလာတဲ့ တောင်ကိုရီးယားနိုင်ငံသား ၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၂၁ ယောက်ထဲမှာ တောင်ကိုရီးယားနိုင်ငံသား ၁၉ ယောက် ပါဝင်ပါတယ်။ တာဝန်ရှိသူတွေက အသက်ရှင်သူတွေကို ရှာတွေ့နိုင်ခြေနည်းပါးတယ်လို့ပြောပြီး ဒီသဘောင်္နစ်မြုပ်မှုအတွက် ဇိမ်ခံသဘောင်္ကပ္ပတိန်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ပျောက်ဆုံးနေတဲ့ ခရီးသည်တွေ ရှာဖွေရာမှာ  ပူးပေါင်း ဆောင်ရွက်ပေးဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝါက ဟန်ဂေရီအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကလည်း ဒီမတော်တဆမှုအတွက် သေချာစုံစမ်း စစ်ဆေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို  ညွှန်ကြားထားပါတယ်။
2 years Ago
Up