နစ်မြုပ်တိုက်တန်းနစ်ပေါ်မှ ကြွင်းကျန်ဘီစကစ် ဒေါ်လာ ၂၃၀၀၀ ဖြင့် လေလံအောင်

October 28, 2015

နစ်မြုပ်တိုက်တန်းနစ်ပေါ်မှ ကြွင်းကျန်ဘီစကစ် ဒေါ်လာ ၂၃၀၀၀ ဖြင့် လေလံအောင်

ဗြိတိန်လေလံပွဲတခုမှာ ၁၉၁၂ ခုနှစ်က နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘော ကြီးပေါ်မှ ကြွင်းကျန်ခဲ့တဲ့ ဘီစကစ်ကို အမေရိကန်ဒေါ်လာ ၂ သောင်း ၃ ထောင်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ ဒယ်ဗိုက်ဇ်မြို့၊ ဟင်နရီအောလ်ဒရစ်ခ်ျနဲ့ သားလေလံလုပ်ငန်းမှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အဲဒီဘီစကစ်ကို ဂရိရှေးဟောင်းပစ္စည်းစုဆောင်းသူတဦးက ၀ယ်ယူခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဘီစကစ်ဟာ The Spillers and Bakers Pilot အမှတ်တံဆိပ်ဖြစ်ပြီး တိုက် တန်းနစ်သင်္ဘောနစ်မြုပ်ချိန်မှာ အသက်ကယ်လှေနဲ့အတူကြွင်းကျန်နေခဲ့တာပါ။ လေလံပစ်သူ အန်ဒရူးအောလ်ဒရစ်ခ်ျက ဒီဘီစကစ်ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘီစကစ်အဖြစ်အမည်ရသွားပြီလို့ ပြောခဲ့ပါတယ်။ 300px-Titanic's_sinking_sternတိုက်တန်းနစ်သင်္ဘော နစ်မြုပ်ချိန်မှာ ပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဖန်ဝစ်ခ်ျအမည်ရတဲ့     ခရီးသည်က အဲဒီဘီစကစ်ကို သူနဲ့အတူသယ်ဆောင်လာ ခဲ့တာလို့ လေလံပစ်သူတွေက ပြောပါတယ်။ သူဟာ “တိုက်တန်းနစ်အသက်ကယ်လှေပေါ်မှ ပိုင်းလော့ဘီစကစ်၊ ဧပြီလ၊ ၁၉၁၂” လို့ နာမည်ရေးထိုးထားတဲ့စာအိတ်ထဲမှာ ထည့်ပြီးသိမ်းဆည်းခဲ့တာဖြစ်တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up