နစ်ဆန်းကားကုမ္ပဏီ

January 12, 2019

နစ်ဆန်းကားကုမ္ပဏီ ဥက္ကဋ္ဌဟောင်းကို ဘဏ္ဍာရေးဆိုင်ရာ ပေါ့ဆမှုဖြင့် စွဲချက်တင်

နစ်ဆန်းမော်တော်ကားကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလော့စ် ဂေါ်ဆနီကို တိုကျိုအစိုးရ  ရှေ့နေတွေက ဘဏ္ဍာရေးဆိုင်ရာ ပေါ့ဆမှု စွဲချက်သစ်နှစ်ခုနဲ့ စွဲချက်တင်လိုက်တယ်လို့ ဂေါ်ဆနီရဲ့ ရှေ့နေဖြစ်သူက ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။ ဂေါ်ဆနီကို ၂၀၀၈ ခုနှစ်က ပုဂ္ဂိုလ်ရေး ရင်းနှီးမြှုပ်နှံမှု အရှုံးတွေကို ကုမ္ပဏီစာရင်းထဲ ယာယီ လွှဲပြောင်းတာနဲ့ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိ ၃ နှစ်တာ သူရဲ့ လျော်ကြေးငွေကို လျှော့ပေါ့ဖော်ပြတာတွေအတွက် ယုံကြည်ချက် ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားတာပါ။ ဒါ့အပြင် ၂၀၁၅ ခုနှစ်အထိ သူ့ရဲ့ ၅ နှစ်တာ ၀င်ငွေကို လျှော့ပေါ့ အစီရင်ခံခဲ့တဲ့အပေါ် စွဲချက်တင်ခံရပြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက ထိန်းသိမ်းခံရတဲ့ ဂေါ်ဆနီ အာမခံရရှိဖို့ လျှောက်ထားနေတယ်လို့ ရှေ့နေက ပြောပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ တရားစီရင်မှုမတိုင်မီ စွဲချက် ငြင်းဆိုထားတဲ့ တရားခံတွေကို အာမခံပေးတဲ့ ထုံးစံ မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up