နဂါးလှေ

A d v e r t i s e m e n t With Us

November 17, 2018

မြိတ်မြို့ မဟာဘုံကထိန်ပွဲတွင် တနင်္သာရီနဂါးလှေများ အလှပြ လှော်ခတ်

မြိတ်မြို့ ကုသိနာရုံကျောင်းတိုက် မဟာဘုံကထိန်ပွဲတော်မှာ တနင်္သာရီမြို့နယ်က နဂါးလှေတွေ လာရောက်ပြီး အလှပြလှော်ခတ်ပြသခဲ့ကြပါတယ်။ နှစ်ပေါင်း ၈၆၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ တနင်္သာရီမြစ်အတွင်းက နဂါးလှေပွဲတော်မှာ ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်ပြီး မြိတ်မြို့ ပင်လယ်ဝမှာ လာရောက်လှော်ခတ်ခဲ့ကြောင်း သိရပါတယ်။ “ကုသိနာရုံ ကျောင်းတိုက်ဆရာတော်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး အလှပြ လှော်ခတ်တာပါ။ စိန်ပန်းသွယ်နှင့်ပတ္တမြားသွယ်ဆိုတဲ့ လယ်သစ်ကျေးရွာက နဂါးလှေ ၂ စီးလာ ရောက်လှော်ခတ်ပြသတာပါ။ မြိတ်မြို့မှာ လှော်ခတ်ပြသရတာ အခက်အခဲ ရှိပါတယ်။ ပင်လယ်ပြင်ဖြစ်တဲ့အတွက် အခက်အခဲရှိပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကို အဆင့်ဆင့်တင်ရပါတယ်။ ဆရာတော်ကိုယ်တိုင် ဌာနဆိုင်ရာ ၈ ခုအထိ တင်ပြခဲ့ရတာပါ” လို့ လယ်သစ်ကျေးရွာမှ နဂါးလှေအဖွဲ့ခေါင်းဆောင် ကိုဝင်းထွန်းက ပြောပါတယ်။ တနင်္သာရီမြစ်အတွင်းမှာ သာလှေခတ်ပြသလေ့ရှိတဲ့ နဂါးလှေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က မြိတ်မြို့ရဲ့ ဘုရားထီးတင်ပွဲတပွဲမှာ လှော်ခတ်ပြသခဲ့ဖူးပြီး အခုမှတကြိမ် ပြန်လည် လှော်ခတ်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago

November 13, 2018

ဂင်းနက်စ်စံချိန်တင် ကမ္ဘောဒီးယားမှ ကမ္ဘာ့အရှည်ဆုံး သစ်သားနဂါးလှေ (ရုပ်သံ)

ကမ္ဘောဒီးယားနိုင်ငံဟာ အရှည် ၈၇ ဒသမ ၃ မီတာအရှည်ရှိတဲ့ သစ်သား နဂါးလှေကြီးနဲ့ ကမ္ဘာ့အရှည်ဆုံး နဂါးလှေအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ပါတယ်။ ဒီလှေလှော်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆမ်ဆီးအမည်ရတဲ့ လှေထိုးသမားက “လှေက ၈၇ ဒသမ ၃ မီတာရှည်ပြီး လှေထိုးသမား ၁၇၉ ယောက် ပါဝင်ပါတယ်။ ကျနော်က ၁၇၉ ယောက်မြောက် လှေထိုးသမားပါ” လို့ ပြောပါတယ်။ ကမ္ဘာပေါ်မှာတော့ သူတို့နဂါးလှေကြီးဟာ အလျားအတိုင်းအတာအရ အရှည်ဆုံးဖြစ်နေပြီး ဒီစံချိန်ချိုးလိုက်တဲ့အပေါ် ကျေနပ်နေဟန်နဲ့ သူက ပြောလိုက်တာပါ။ အခုစံချိန်မတိုင်ခင် ကမ္ဘာ့အရှည်ဆုံး နဂါးလှေအဖြစ် စံချိန်တင်ထားနိုင်ခဲ့တာက တရုတ်နိုင်ငံမှဖြစ်ပြီး အရှည် ၇၇ ဒသမ ၈ မီတာနဲ့ ၂၀၁၆ ခုနှစ်မှာ စံချိန်တင်နိုင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရိုးရာတူညီဝတ်စုံတွေနဲ့ ဟန်ချက်ညီညီ လှော်ခတ်ခဲ့ကြတဲ့ ကမ္ဘာ့စံချိန်တင် နဂါးလှေကြီးနဲ့ ထိုးသားတွေရဲ့ ပုံရိပ်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
2 years Ago
Up