နက္ခတ်တာရာကြည့် အကြီးဆုံးမှန်ပြောင်း ချီလီတွင် ထားရှိမည်

June 21, 2015

၉၂ နှစ်အရွယ် ချီလီအဘွားအိုတွင် ထုံးကျောက်ဖြစ်နေသည့် သန္ဓေသားပျက် တွေ့ရှိ

ချီလီနိုင်ငံရဲ့မြို့တော် အနောက်ဘက်က ဆန် အန်တိုနီယို (San Antonio) ဆိပ်ကမ်းမြို့က အသက် ၉၂ အဖွားအိုတဦးရဲ့ သားအိမ်အပြင်မှာ သေဆုံးပြီး ထုံးကျောက်သားဖြစ်နေတဲ့ နှစ်ပေါင်း ၅၀ ကျော်  သန္ဓေသားပျက်ကို ဆရာဝန်တွေက ဇွန် ၁၉ ရက်နေ့က စစ်ဆေးတွေ့ခဲ့ကြပါတယ်။ အဘွားအို လဲကျပြီး ဆေးရုံမှာ လာရောက် ပြသရင်း ဓာတ်မှန်ရိုက်စစ်ဆေးကြည့်တော့မှ အလေးချိန်၂ ကီလိုရှိတဲ့ သန္ဓေသားပျက်ကို တွေ့ရှိခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသား သေဆုံးခဲ့ပြီး သားအိမ်ရဲ့အပြင်ဘက်မှာ ထုံးကျောက်သားအဖြစ် ကျန်ရစ်နေတဲ့ ဖြစ်စဉ်မျိုးပါ။ သန္ဓေသားပျက်ကို ဆယ်စုနှစ်နဲ့ချီပြီး လွယ်ထားပြီးမှသိရှိကြတဲ့ အမျိုးသမီးတွေ အရင်ကလည်း ရှိဖူးတယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။ မြို့နယ်ဆေးရုံအုပ်ချုပ်ရေးမှူးက အခုလိုဖြစ်ရပ်မျိုးဟာ အတော့်ကို ရှားရှားပါးပါးဖြစ်ရပ်မျိုးဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကြီးလာတဲ့ သန္ဓေသားကျောက်သားဟာ ၀မ်းဗိုက်တခုလုံးကို အပြည့် နေရာယူထားတယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် အဘွားအိုဟာ အသက်အလွန်`ကြီးရင့်လွန်ပြီဖြစ်လို့ ခွဲစိတ်ဖို့ မကြိုးစားတော့ဘူးလို့လည်း ဆရာဝန်တွေက ပြောဆိုပါတယ်။
6 years Ago

June 14, 2015

စွမ်းအင်ကုန်ကျစရိတ်ကို ချွေတာနိုင်မည့် လေရွက်ကိရိယာ

ဖော်မြူလာဝမ်းကားတွေရဲ့နောက်ကွယ်က အဆင့်မြင့်နည်းပညာတွေဟာ အကန့်အသတ်မဲ့ပါပဲ။ အက်ဖ်-၀မ်းအဖွဲ့က အင်ဂျင်နီယာတွေဖြစ်တဲ့ဝီလျံမိသားစုဟာ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို စက်မှုလုပ်ငန်းမှာ  ထောက်ကူဖို့ ချိန်ညှိအသုံးချနေပါတယ်။ သူတို့ဖန်တီးလိုက်တဲ့ ဒီလေရွက်ကိရိယာဟာ စူပါမတ်ကက်တွေမှာ စွမ်းအင်ကို အများကြီးချွေတာပေးနိုင်တယ်လို့ ပေါလ်မက်နမ္မရာ ကဆိုပါ တယ်။ "အခုဒီရေခဲသေတ္တာတွေမှာ ကျနော်တို့တပ်ထားတဲ့ပုံစံက စင်တန်းနှစ်တန်းရဲ့ကြားမှာ လေရွက်ကို တပ်လိုက်တဲ့သဘောပဲ။ စိတ်ကူးကတော့ စင်တန်းကနေ ထွက်လာတဲ့ လေအေးတွေကို ဒီလေရွက်ကဖမ်းယူပြီး အောက်ဘက်ကပ်လျက်စင်ဆီကို ဆင်းသွားစေတာပေါ့။ ဒါကြောင့် အခုသုံးမယ့် လေရွက်ပုံစံသစ်ဆိုရင် အရင်တုန်းက ၀ီလျံလုပ်ငန်းစုမှာ ဖန်တီးခဲ့တာပါ။ အဲ့ဒီပုံစံကိုမှ ဒီက စင်တန်းတွေနဲ့ကိုက်ညီအောင် ချိန်ညှိဆန်းသစ်ပြီးမှ အစားထိုးသွားမှာပါ။ ဒီလေရွက်ရဲ့ထောင့် စောင်းပုံကို စမ်းသပ်ပြီးမှတပ်ဆင်မှာပါ။ ဒါမှ ဒီလေရွက်က လေအေးတွေကို အောက်က စင်တန်းတွေဆီကို အထိရောက်ဆုံးပို့လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။" လေရွက်ရဲ့စွမ်းအင်ကို အသုံးချဖို့ ကြိုးစားနေချိန်မှာပဲ သူတို့က ဒီကိရိယာကို ဘက်ကင်ဟမ်က စိန်းစ်ဘာရီလို စတိုးဆိုင်အမျိုးမျိုးမှာ စမ်းသပ်ကြည့်နေပါပြီ။ စိန်းစ်ဘာရီကတော့ စွမ်းအင် ဘယ်လောက်ချွေတာနိုင်လဲဆိုတာတိုင်းတာဖို့ သိပ်စောလွန်းသေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် စမ်းသပ်မှုတွေအရ စွမ်းအင်လေးဆယ်ရာခိုင်နှုန်းထိ ချွေတာပေးနိုင်ပါတယ်။ “ဒါဟာ သိပ်ကိုများတဲ့ ပမာဏပါ။ စူပါမတ်ကက်တွေသုံးတဲ့စွမ်းအင်ပမာဏဟာ ဗြိတိန်တစ်နိုင်ငံလုံးရဲ့ငါးရာခိုင်နှုန်း ဖြစ်ပြီး အအေးခန်းဘီဒိုတွေက အများဆုံးသုံးစွဲတာ” လို့ ၀ီလျံ မိသားစုကဆိုပါတယ်။ မက်နမ္မရာကတော့ ဒီလေရွက်တွေကို အခုလက်ရှိမော်ဒယ်ပေါ်မှာပဲ အစိတ်အပိုင်းသစ်တွေနဲ့ အားဖြည့်ပေး နိုင်သေးတယ်လို့ ဆိုပါတယ်။ "ဒီလေရွက်ကိုသုံးရာမှာ အဓိကအားသာချက်ကတော့ ရေခဲသေတ္တာရဲ့အောက်ခြေထိ လိုက်စရာမလိုဘူး။ ယူကေမှာဆိုရင် ပစ္စည်းထည့်ထားတဲ့ရေခဲသေတ္တာရဲ့စင်တွေရှေ့ဘက်မှာ ကပ်ပြီး တပ်လိုက်ရုံပဲ။ ဒီတော့ ဒီကိရိယာကို စူပါမတ်ကက်အကုန်လုံးကို ဖြန့်ချိလို့ရနိုင်မယ့် အလားအလာရှိတယ်။" ဒီလေရွက်ဟာ စူပါမတ်ကက်ရဲ့ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ရုံတင်မက မင်းလမ်းအလယ်က လျှောက်လာတဲ့ ဈေးဝယ်သူတွေအပေါ် အအေးငွေ့နဲ့ထိတွေ့မှုပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ လေရွက်တွေကို မူလက ၀တ္ထုတခုရဲ့ပတ်ပတ်လည်မှာ စီးဆင်းနေတဲ့လေကို လမ်းကြောင်းပြီး ဥပမာ .. ဖော်မြူလာဝမ်း ကားနဲ့ လေယာဉ်တွေမှာလို လေခွင်းအားကောင်းဖို့ ဖန်တီးခဲ့တာပါ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ခုလိုကာဗွန်ထုတ်လွှတ်မှုနဲ့ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချဖို့ကြိုးစားလာချိန်မှာ ၀ီလျံမိသားစုကတော့ အလားအလာရှိတဲ့ အနာဂတ်လမ်းကို ချပြ လိုက်တာဖြစ်ပါတယ်။ [gallery ids="97748,97749,97750,97751,97752,97753,97754,97755,97756,97757"]
6 years Ago

နက္ခတ်တာရာကြည့် အကြီးဆုံးမှန်ပြောင်း ချီလီတွင် ထားရှိမည်

ချီလီနိုင်ငံမြောက်ပိုင်းက ဒီတောင်ထိပ်ဟာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံးဆိုတဲ့ နက္ခက်တာရာကြည့် မှန်ပြောင်းထားရာနေရာ ဖြစ်လာတော့မှာပါ။ ဒီမှန်ပြောင်းကို မက်ဂျဲလန်တယ်လီစကုပ် လို့ခေါ်ပါတယ်။ ၂၅ မီတာအကျယ်ရှိတဲ့ ကြည့်မှန်တွေနဲ့တည်ဆောက်ထားတာမို့ အခြားမှန်ပြောင်း တွေထက်  ၆ ဆပိုပြီး အလင်းတွေကို စုဆုံပေးနိုင်သလို ရုပ်ထွက်ကလည်း ဟက်ဘယ်လ် နက္ခတ် တာရာကြည့်မှန်ပြောင်းထက် ၁၀ ဆပိုပြီး ပြတ်သားပါတယ်။ ခုဆိုရင် တည်ဆောက်ရေးလုပ်ငန်းစဖို့ နိုင်ငံတကာက ပါတနာတွေထည့်ဝင်တဲ့ငွေတင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရှိသွားပြီဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ၁ ဘီလီယံရဲ့တ၀က်လောက် ရသွားပြီလို့ မက်ဂျဲလန် တယ်လီစကုပ်တည်ဆောက်ရေးအဖွဲ့က ဆိုပါတယ်။ လာမယ့် ၆ နှစ်အတွင်းမှာ ဒီတယ်လီစကုပ်နဲ့ အာကာသထဲကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အပြည့်အ၀ လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအကြီးစားတယ်လီစကုပ်နဲ့ဆိုရင် နက္ခတာရာပညာရှင်တွေဟာ ဟိုအရင်ကထက် အာကာသထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းကြည့်ရှုနိုင်သလို အတိတ်ကခြေရာတွေကိုပါ ထောက်လှမ်းလာနိုင်မှာ ပါ။ တည်ဆောက်သူတွေရဲ့အဆိုအရ ဒီမှန်ပြောင်းသုံးတဲ့ အဓိကရည်ရွယ်ချက်က အနီးအနား ကြယ်စုတွေနားက ကမ္ဘာနဲ့တူတဲ့ဂြိုဟ်တွေကို ရှာဖွေဖို့နဲ့ အာကသထဲက အမှိန်ဆုံးဆိုတဲ့ ၀တ္ထုတွေ ကို ဖော်ထုတ်ပေးဖို့ပါပဲ။ [gallery ids="97732,97733,97734,97735,97736,97737,97738,97739"]
6 years Ago
Up