နက်ရှ်ဗီးလ်မြို့

A d v e r t i s e m e n t With Us

December 26, 2020

အမေရိကန် နက်ရှ်ဗီးလ်မြို့၌ ခရစ္စမတ်နေ့က ပေါက်ကွဲမှုဖြစ်၊ လူ ၃ ယောက် ဒဏ်ရာရ

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ် မြို့လယ်ကောင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၃ ယောက် အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲတဲ့ အရှိန်ကြောင့် ယာဉ်အများအပြားနဲ့ ဈေးဆိုင်တွေ ပျက်စီးခဲ့ပြီး ဒီပေါက်ကွဲမှုဟာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ပေါက်ကွဲမှုမဖြစ်ခင် မိနစ်ပိုင်းအလိုက အပန်းဖြေယာဉ်တစ်စီးထဲက အသံသွင်း တိပ်ခွေကနေ ၁၅ မိနစ်အတွင်း ဗုံးပေါက်မယ်ဆိုတာကို သတိပေးချက် ထုတ်လွှင့်ခဲ့တယ်လို့လည်း နက်ရှ်ဗီးလ် ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ တချိန်တည်းလိုလို မြို့လယ်ကောင်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ရဲတပ်ဖွဲ့က ရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။  ဗုံးရှင်းအဖွဲ့ လာနေချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago
Up