နက်ဒ်ဖီလစ်

A d v e r t i s e m e n t With Us

December 29, 2019

စတုဂတ်အသင်းထံ အငှားချထားသည့် နက်ဒ်ဖီလစ်ကို လီဗာပူး ပြန်ခေါ်

လီဗာပူးအသင်းဟာ ဒဏ်ရာရကစားသမားတွေ ရှိနေတဲ့ ဗဟိုနောက်ခံလူနေရာအတွက် စတုဂတ်အသင်းမှာ အငှားချထားတဲ့ နက်ဒ်ဖိလစ်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။  လီဗာပူးအသင်းဟာ ဗဟိုခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ မာတစ်နဲ့ လိုဗရန်တို့က ဒဏ်ရာတွေ အသီးသီးရရှိထားတဲ့အတွက် နောက်ခံအစွန်လူ ဂျိုးလ်ဂိုးမက်ဇ်ကို ဗန်ဒိုက်နဲ့ တွဲဖက် ပွဲထုတ်နေရတာပါ။ နောက်ထပ် ဒဏ်ရာရခဲ့မယ်ဆိုရင် လူစားထိုးစရာ ကစားသမား မရှိတာကြောင့် ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ ကစားနေတဲ့ လူငယ်နောက်ခံလူ နက်ဒ်ဖိလစ်ကို အရေးပေါ် အခြေအနေအရ ပြန်လည်ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။  နက်ဒ်ဖိလစ်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စတုဂတ်အသင်းကို အငှားချထားခဲ့တာဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၁၁ ပွဲ ကစားပေးခဲ့ပြီး ၂ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ထားသူ ဖြစ်ပါတယ်။
1 year Ago
Up