ဓားဖြင့် ခုတ်သတ်

October 15, 2017

၁၂ နှစ်အရွယ် သားဖြစ်သူက ဖခင်အရင်းအား ဓားဖြင့် ခုတ်သတ်

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ စမ်းအိုင်ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် နေ့လယ်က ၁၂ နှစ်အရွယ် သားဖြစ်သူက ဖခင်အရင်းကို ကိုင်းခုတ် ဓားမနဲ့ခုတ်သတ်ခဲ့ တယ်လို့ သိရပါတယ်။ သေဆုံးသူ ဦးသောင်းနိုင်မှာ နေ့စဉ်ရက်ဆက်အရက်သေစာ သောက်စားမူးယစ်ကာ မိသားစုကို ကြိမ်းဝါးရိုက်နှက်လေ့ရှိပြီး အောက်တိုဘာ ၁၃ ရက်နေ့ နေလည် ၁၂ နာရီလောက်က အရက်မူးယစ်ကာ သားဖြစ်သူ ဟန်သွင်မောင်ကို ကြိမ်းဝါးကာ လိုက်လံရိုက်နှက်လို့ စိတ်မထိန်း နိုင်ဘဲ အသင့်ကိုင်ဆောင်ထားတဲ့ ကိုင်းခုတ်ဓားမနဲ့ ခုတ်တာကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သတ်လို့ မိခင်ဖြစ်သူ ဒေါ်လှငြိမ်းက သားဖြစ်သူကို ဥပဒေအရ အရေးယူပေး ဖို့ တိုင်တန်းလို့ မင်းလှ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မင်းလှမြို့မ ရဲစခန်မှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။ သတင်း-မင်းထီး
4 years Ago

January 28, 2017

လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ဓားဖြင့် ခုတ်သတ်

မွန်ပြည်နယ်၊ ရေးမြို့ လမိုင်းနယ်မြေရဲစခန်းပိုင် ဝယ်ဖယ်ကျေးရွာ တောင်ခြေအနီး ရာဘာထင်းခြံအတွင်း ဇန်နဝါရီ၂၇ ရက်နေ့ ည ၇ နာရီလောက်က မီးသွေးဖုတ်ရာ အလုပ်လုပ်တဲ့ အလုပ်သမား မင်းသူနဲ့ ဇနီး မလှရီတို့ စကားများရန်ဖြစ်မိရာမှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေ့က လင်မယားနှစ်ဦးလုံး အရက်သေစာ အတူသောက်စားထားကြကာ မီးသွေးအိတ်မီးလောင်တဲ့ကိစ္စ စကားပြောဆိုရာနေ စကားများရန်ဖြစ်ကြပြီး မင်းသူက ဇနီးဖြစ်သူအား ထင်းခုတ်ဓားနဲ့ ခုတ်လို့ ဦးခေါင်းနောက်ဘက် ဓားဒဏ်ရာဖြင့်လဲကျသေဆုံးခဲ့ပြီး  မင်းသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ မင်းသူကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်က နှစ်ကရင်ကျေးရွာ ဘူတာအနီး ရထားသံလမ်းအကူးမှာ ဖမ်းဆီးမိခဲ့ပါတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်များနဲ့ ပက်သက်လို့ ရဲအုပ်လင်းသူဇော်က တရားလိုပြုလုပ်တိုင်တန်းကာ လမိုင်းနယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၇ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိပြီး မင်းသူအား အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ နေမျိုးထွဋ်
4 years Ago
Up