ထိုင်းနိုင်ငံ ဘန်ကောက်မှာ မုန့်တိုက်အလုပ်သမားထံကနေ အိုင်ပက်လူယူပြီး ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆယ်ကျော်သက် ဂိုဏ်းအဖွဲ့ဝင် ၁၀ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ဘန်ဆူးခရိုင်က အိမ် ၂ အိမ်ကို ၀င်ရောက်စီးနင်းပြီး ရဲတပ်ဖွဲ့တွေက အသက် ၁၉ နှစ် ပတ်ချရာပေါင် ဟူးစန်ဒေါင်း အပါအ၀င် အဖော် ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဒါအပြင် ရာဇ၀တ်မှုကနေ ထွက်ပြေးရာမှာ အသုံးပြုထားတဲ့ မော်တော်ဆိုင်ကယ် ၄ စီးကို သိမ်းယူခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် ရှင်နာဝပ် တာဝါ ၂ က S&P မုန့်တိုက် အလုပ်သမား အသက် ၂၈ နှစ် ဆောင်ချိုင်း ဆအာဂျစ်ကို ဓားနဲ့ ထိုးပြီး အိုင်ပက်ကို လုယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် အိုင်ပက်ကို လုယူပြီး လူငယ်အဖွဲ့က ထွက်ပြေးသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို လုံခြုံရေး ကင်မရာက မှတ်တမ်းရယူထားပါတယ်။ သံသယရှိသူတွေက ဆောင်ချိုင်းကို သတ်တာ ၀န်ခံခဲ့ပြီး အသက် ၁၇ နှစ် ဂျက်က ဓားနဲ့ ထိုးခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။
အိုင်ပက်ကို ဘတ် ၃၂၀၀ နဲ့ ပန်တစ်ပလာဇာမှာ ရောင်းချခဲ့ပြီး ငွေကို ပါတီသွားဖို့ အတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဘန်ကောက် နွန်ထဘူရီမှာ ညတိုင်း လုယက်မှုကို ကျူးလွန်တယ်လို့ လူငယ်တွေက ပြောပါတယ်။
7 years Ago