ဓားဖြင့်တိုက်ခိုက်

September 10, 2018

ပဲရစ်မြို့လယ်တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၇ ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၇ ဦးအနက် ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ တရားရေး သတင်းရင်းမြစ်တွေက စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသခံ မီဒီယာက  ဖော်ပြပြီး ကျူးလွန်သူကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ တရားရေး သတင်းရင်းမြစ်က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်ခြင်းရှိတယ်လို့တော့ ဖော်ပြခြင်း မရှိပါဘူး။ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပြီးနောက် ရဲတွေက အခင်းဖြစ်ရာလမ်းကို ပိတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ထုတ်ပြန်ထားပါတယ်။
3 years Ago

August 24, 2018

ပဲရစ်မြို့တွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ ထရာအရပ်မှာ သြဂုတ် ၂၃ ရက်နေ့က ဓားနဲ့တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓားနဲ့တိုက်ခိုက်သူကိုတော့ ရဲက ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဓားနဲ့တိုက်ခိုက်သူက အလ္လာက ကြီးမြတ်တယ်လို့ အော်ဟစ်ခဲ့ကြောင်း BFM TV က သတင်းဖော်ပြခဲ့ပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီသတင်းကို ချက်ချင်း အတည်မပြုထားသေးပါဘူး။ ဒီတိုက်ခိုက်မှုနောက်ကွယ် အကြောင်းအရာနဲ့ တိုက်ခိုက်သူ ဘယ်သူဖြစ်တယ်ဆိုတာကို မသိရသေးသလို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ထရာအရပ်ဟာ ပဲရစ်မြို့ အနောက်ပိုင်းမှာ ရှိပါတယ်။
3 years Ago
Up