ဓားပြများကို

December 11, 2017

ဓားပြများကို ကုန်တင်ယာဉ်ငယ်များဖြင့် ပိတ်ဆို့ ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်

ချက်နိုင်ငံ အော့စထရာဗာမြို့မှာ ကားတစီးအပြည့် ဓားပြတွေကို ကုန်တင်ယာဉ်မောင်းတွေက ယာဉ်ငယ်တွေနဲ့ တက်ညီလက်ညီ ပိတ်ဆို့ဖမ်းဆီးလိုက်တဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ ရုပ်သံထဲမှာတော့ ဓားပြတွေက ကုန်မာဆိုင်ရှေ့ ကားရပ်နားရာနေရာမှာ သူတို့ရဲ့ကားကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကားဘေးမှာရှိတဲ့ အလုပ်သမားတစုက ဓားပြတွေရဲ့ အမူအယာကို သံသယဖြစ်လို့ နောက်ယောင်ခံလိုက်ကြပြီး တခြားကုန်လှောင်ရုံက ဝန်ထမ်းတွေပါ ပြေးလာကြပါတယ်။ ဓားပြတွေဟာ လုယက်ဖို့ အခွင့်မသာတာကို သိသွားပြီး သူတို့ရဲ့ကားကို အရှိန်နဲ့ မောင်းထွက်ခဲ့ပေမယ့် အနီးရှိ ကုန်တင်ယာဉ်မောင်းသမားတွေက သူတို့ကားတွေနဲ့ ဓားပြတွေရဲ့ကား ထွက်ပြေးမယ့် အပေါက်ကို ဝိုင်းပိတ်ဆို့လိုက်ကြတာပါ။ ဒီနောက် အလုပ်သမား တော်တော်များများက ကားနားကပ်ပြီး လက်ဝှေ့ယမ်း အော်ဟစ်နေကြတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေက လုယက်ဓားပြတိုက်မယ့်သူတွေကို ဖမ်းဆီးလိုက်ပြီး အခင်းဖြစ်ပွားမှုကို စုံစမ်းနေတယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up