ဓားပြကို ပြန်လည်တိုက်ခိုက်ခဲ့သည့် အာဂအမျိုးသမီး (ရုပ်သံ)

December 12, 2015

ဓားပြကို ပြန်လည်တိုက်ခိုက်ခဲ့သည့် အာဂအမျိုးသမီး (ရုပ်သံ)

ရုရှားနိုင်ငံမှာ ရှိတဲ့ အသေးစား ဈေးဝယ်စင်တာ တခုမှာ အမျိုးသားတဦးက ခြိမ်းခြောက်ဓားပြတိုက်တာကို ဈေးရောင်းနေတဲ့ အမျိုးသမီး တဦးက ပြန်လည်ခုခံတိုက်ခိုက်တဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။ အဲဒီအမျိုးသားဟာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ကြောင်း khaosod သတင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။ အဲဒီအမျိုးသားကို အမျိုးသမီးဖြစ်သူက ပြန်လည်ခုခံခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ပိုက်ဆံတွေကိုလည်း လုယူထွက်ပြေးသွားပါတယ်။ သတင်းအရ အဲဒီအမျိုးသားကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ သိရပါတယ်။
7 years Ago
Up