ဓားပြ

March 30, 2019

တာချီလိတ်တွင် သေနတ်သမားများက ရတနာရွှေဆိုင်ကို ဓားပြတိုက်

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နန်းနန်းဘွန်းကျောက် ရတနာရွှေဆိုင်မှာ မတ် ၂၉ ရက်နေ့ မနက် ၇ နာရီလောက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း ဦးစီးတဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ ဦးအိုက်ဘွန်း၊ မိခင် ဒေါ်နန်းတွေ့၊ အိမ်အကူ ဒေါ်နန်းဖွန်နဲ့ ရွှေဆိုင်ဝန်ထမ်း မနန်းဆိုင် ဆိတို့နဲ့အတူ နေအိမ်မှာ ရှိနေစဉ် ရွှေဆိုင်ဘေးလမ်းကြားကို အမျိုးသား ၆ ဦး (စိစစ်ဆဲ) မှာ မျက်နှာ ဖုံးစွပ်/ ဦးထုပ်ဆောင်းပြီး 9K/×××× Pajero IO ယာဉ်(လိုင်စင်-စိစစ်ဆဲ) နဲ့ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ဒီနောက် နေအိမ်အနောက်ဘက်တံခါးက ဝင်ရောက်လာပြီး ပစ္စတိုသေနတ် ၄ လက် ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ဦးအိုက်ဘွန်းပါ ၄ ဦးအား လက်ပြန်ကြိုးတုတ်ကာ အိပ်ခန်းအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၈၀ ကျပ်သားလောက်၊ စိန်ထည်ပစ္စည်းမျိုးစုံ၊ Samsung/ I phone အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနဲ့ ထိုင်းဘတ်ငွေ သိန်း ၂၀ တို့အား ခြိမ်းခြောက်ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးအိုက်ဘွန်းရဲ့ တိုက်ကြားချက်အရ အမျိုးသား ၆ ဦးအား တာချီလိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓားပြမှု) နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
3 years Ago

September 3, 2018

ရန်ကုန်မြို့ရှိ One Stop Mart ဆိုင်ထဲ ဓားပြတိုက်သွားသူများကို ဖမ်းမိ  

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က One Stop Mart ဆိုင်မှာ ဓားပြ ခြိမ်းခြောက်ပြီး ကျပ်ငွေ ၇ သိန်းခွဲကျော်  ယူသွားတဲ့ ၃ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ ဒီနေ့ မနက် ၁၂ နာရီ ၅၀ နာရီအချိန်က ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက် ပါရမီကားဝင်းရှေ့ One Stop Mart ဆိုင်မှာ ညအရောင်းဝန်ထမ်း ဝေလင်းအောင် (၂၂ နှစ်)နဲ့ မနန်းဇင်ဝင်း (၂၃ နှစ်) တို့ အရောင်းကောင်တာမှာ ငွေရေတွက်နေစဉ် အမည်မသိ အမျိုးသား ၃ ဦးရောက်ရှိလာပြီး “အရက်သောက်ချင်တယ်၊ ပိုက်ဆံပေး”ဆိုကာ ကောင်တာအတွင်းမှ ငွေကျပ် ၇၇၁,၄၀၀ ကို ယူဆောင်သွားခဲ့တာပါ။ အမျိုးသား ၃ ဦးထဲမှ ၁ ဦးက စတီးဓားပြကာ အရောင်းဝန်ထမ်း ဝေလင်းအောင်ကို “မင်းကိုလည်း သိတယ်။ မင်းနေတဲ့နေရာကိုလည်း သိတယ်။ အော်ရင် သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပြီး ကောင်တာက ငွေ ၈ သိန်းနီးပါး ယူဆောင်ကာ ဆိုင်အတွင်းမှ ပြေးထွက်သွားတဲ့ အတွက် အရေးယူပေးဖို့ တောင်ဥက္ကလာပမြို့မရဲစခန်း တိုင်တမ်းတဲ့အတွက် (ပ)၁၀၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ရှိ CCTV မှတ်တမ်းကြည့်ရှုပြီး လိုက်လံစုံစမ်းရှာဖွေနေစဉ် မနက် ၃ နာရီ ၅၅ မိနစ်အချိန် ပါရမီလမ်းနဲ့ ဝေဇယန္တာမီးပွိုင့်အနီးမှာ ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ တောင်ဥက္ကလာပမြို့နယ်နေ ဖိုးလပြည့် (ခ)ချီးပု (၂၀) နှစ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိတဲ့ ဖိုးလပြည့်ကို ဆက်လက်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်ခဲ့သူတွေ ဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်မင်းထွန်း (၂၅ နှစ်)၊ တောင်ဥက္ကလာပမြို့နယ်နေ သော်ဦးဇင်(ခ) တရုတ်လေး (၂၆ နှစ်)တို့ဖြစ်ပြီး ဖိုးလပြည့်(ခ)ချီးပုထံမှ စက်တင်ဘာ ၂ နေ့ ရက်စွဲနဲ့ SKY WAY KTV ဆိုင်ရဲ့ ကျသင့်ငွေစုစုပေါင်း ၅၃၀၂၅ ကျပ်ပါ ဘောက်ချာ(၂)ရွက်၊ ငွေစက္ကူရောရာ ၄၄၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
3 years Ago
More News
Up