ဓားဒဏ်ရာဖြင့် သေဆုံး

October 20, 2020

မုက္ခာသစ်တောကြိုးဝိုင်းတွင် အမျိုးသား ၁ ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ မုက္ခာသစ်တောကြိုးဝိုင်းအတွင်းမှာ အောက်တိုဘာ ၁၉ ရက်က အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရွေးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး  ဦးဆန်းဝင်းက ပြောပါတယ်။  သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်လောက်အရွယ်ရှိပြီး  ဝမ်းဗိုက်ဓားဒဏ်ရာတွေ တွေ့ရှိရတယ်လို့ မင်းလှမြို့နယ် စခန်းမှူးဒုရဲမှူးလင်းလင်းက ပြောပါတယ်။    ဒါနဲ့ ပတ်သက်ပြီး သေဆုံးသူဘယ်သူဆိုတာသိနိုင်ဖို့နဲ့ တရားခံဖမ်းမိနိုင်ရေးအတွက် အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ မင်းလှမြို့နယ် စခန်းက သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
2 years Ago
Up