ဓားတရမ်းရမ်းဖြင့် သတ်သေရန်ကြိုးစားသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့ ကယ်တင် (ရုပ်သံ)

A d v e r t i s e m e n t With Us

August 19, 2016

ဓားတရမ်းရမ်းဖြင့် သတ်သေရန်ကြိုးစားသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့ ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံက လမ်းပေါ်မှာ ဓားတရမ်းရမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတဲ့ တရုတ်အမျိုးသမီးကို ရဲအရာတွေက ကယ်တင်လိုက်ပါတယ်။ တရုတ်နိုင်ငံ ချန်ဒူးက ပလက်ဖောင်းပေါ်မှာ ဓားကိုင်ပြီး အမျိုးသမီးတဦးက အော်ဟစ်နေပုံကို သြဂုတ် ၁၈ ရက်နေ့ ယူကျူ့ပေါ်တင်ထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ညာဘက်လက်မှာ ဓားကိုင်ထားပြီး ခါးကို ဆန့်ကာ ကိုယ်ကိုယ်ကိုယ် ဓားနဲ့ခုတ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို အလုပ်ချိန်ပြီးလို့ အိမ်ပြန်လာတဲ့ အရပ်သားဝတ်စုံ ၀တ်ထားတဲ့ ရဲတဦးက အနောက်ကနေ ၀င်ရောက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ အနောက်ကနေ ၀င်ရောက်ထိန်းချုပ်ရင်း လဲကျသွားတဲ့ အမျိုးသမီးကို အနီးနားက အရာရှိ ၂ ဦးက ၀င်ရောက်ထိန်းသိမ်းလိုက်ပြီး ကယ်တင်လိုက်ပါတယ်။ ဒီလို လုပ်ဆောင်လိုက်ရာမှာ တဦးတယောက်မှ ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
5 years Ago
Up