ဓားစာခံ

October 3, 2021

အန်အယ်လ်ဒီအမတ်ဟောင်းကို ဖမ်းမမိသဖြင့် အသက် ၉၀ ကျော်မိခင်ကို ဓားစာခံအဖြစ်ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီကျော်လောက်က နေအိမ်မှာ လာရောက်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမျိုးဝင်းရဲ့ ဇနီးဖြစ်သူကို ပထမဖမ်းဆီးခေါ်သွားပြီး ပြန်လည်လွတ်ပေးလိုက်ပေမဲ့ ဦးမျိုးဝင်းရဲ့ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကိုတော့ ပြန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို နေအိမ်က ကား ၁ စီး နဲ့ ဆိုင်ကယ် ၂ စီး ပါ ယူဆောင်သွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဦးမျိုးဝင်းရဲ့ မိခင်ဖြစ်သူက အသက်ရွယ်အားဖြင့် အသက် ၉ဝ ကျော်ရှိပြီး ကျန်းမာရေးလည်း သိပ်ပြီး မကောင်းသလို  ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဦးမျိုးဝင်းရဲ့ နေအိမ်ကို မကြာခဏ ဝင်ရောက်ရှာဖွေလေ့ရှိကြပေမဲ့ ယနေ့အထိ ဦးမျိုးဝင်းကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အခုလို သူရဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူတွေကို  စစ်ကောင်စီတပ်တွေက  ‌နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတာကြောင့် အန်အယ်လ်ဒီအမတ်ဟောင်း ဦးမျိုးဝင်းနဲ့ သူရဲ့ သားဖြစ်သူ ဆရာဝန်တဦးတို့ဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

2 weeks Ago

August 25, 2021

အစ်ကိုဖြစ်သူကိုဖမ်းမမိသဖြင့် ညီမဖြစ်သူကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှာ  ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီလက်နက်ကိုင်တပ်တွေဝင်ရောက်လာပြီး  ဒေသခံရွာသူရွာသား ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။ 

စစ်ကောင်စီတပ်တွေက အိမ်စီးကားတွေ၊ လူမှုကူညီရေးအသင်းကားတွေနဲ့ ရွာထဲကို ဝင်လာတာဖြစ်ပြီး  ကွမ်းယာဆိုင်က ကိုနဂါးဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးသွားသလို  PDF တစ်ဦးရဲ့ ညီမဖြစ်သူ  မအိန္တာဖြိုးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသား တစ်ဦးကပြောပါတယ်။ 

“ စစ်ကောင်စီတပ်တွေ ရွာထဲဝင်တာနဲ့ သေနတ်ပစ်ဖောက်ပြီး ရွာထိပ်က ကွမ်းယာဆိုင်က ကိုနဂါး၊ ကိုဦးရွှေမတ်ဆိုတဲ့လူကို သိလားလို့ မေးတယ်။ မသိဘူးဆိုပြီး ကိုနဂါးကို ဖမ်းဆီးသွားတယ်။ နောက်ပြီး မအိန္တာဖြိုးအစ်ကိုက  PDFလုပ်တယ်ဆိုပြီး အစ်ကိုကို မတွေ့တော့ ညီမကို ဖမ်းဆီးသွားတယ်သူ့ အစ်ကိုလာဖမ်းခံမှ သူ့ညီမကိုလွတ်ပေးမယ်ဆိုပြီး ပြောဆိုသွားတယ်။”

စစ်ကောင်စီတပ်တွေ တောကျောင်းလေးရွာကိုဝင်ရောက်ရှာဖွေခဲ့ပြီး ယင်းကျေးရွာ အရှေ့မြောက်ပိုင်းအိမ်တစ်အိမ်မှာကနေ  ငွေကျပ် ၁၅ သိန်း၊ ရွာမြောက်ပိုင်းနေအိမ်တစ်အိမ်မှ ငွေကျပ် ၂၅ သိန်းတို့ကို ယူဆောင်သွားတဲ့အပြင်  ဆိုက်ကယ် ၃ စီး ကိုလည်း ယူသွားတယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

2 months Ago
More News
Up