ဓားခုတ်မှု

April 30, 2021

ရွှေဘိုမြို့နယ် သီးလုံးရွာတွင် ဓားခုတ်မှုဖြစ်ပြီး ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာ ဧပြီ ၂၉ ရက်နေ့ညက ရွာသားအချင်းချင်း ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။ 

မနေ့က သီးလုံးကျေးရွာမှာ အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးသွားတာကြောင့် သတင်းပေးခဲ့သူတွေကို ရွာသားတွေကဖော်ထုတ်စဉ်  အပြန်အလှန် ဓားခုတ်မှုဖြစ်ပွားပြီး  ဒလန်သတင်းပေး  ၂ ဦး သေဆုံးခဲ့ကာ ၇ ဦးဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်တွေ သီးလုံးကျေးရွာကိုရောက်လာခဲ့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်မခံတဲ့ ကျေးရွာသားတွေကို ဖမ်းဆီးပြီး လူနေအိမ်တွေကို ဖျက်ဆီးခဲ့တယ်။ အိမ်မှာရှိတဲ့ပစ္စည်းတွေ ယူဆောင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သီးလုံးကျေးရွာနေပြည်သူတွေလည်း ထွက်ပြေးခဲ့ကြရပြီး ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်တွေ ပြန်လည်ထွက်ခွာသွားချိန်မှာ ကျေးရွာသူ ကျေးရွာသားတွေ ပြန်လည်ရောက်ရှိလာပြီးနောက် ဓားခုတ်မှုဖြစ်ပွားခဲ့တာပါ။ 

1 month Ago

March 5, 2021

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာတွင် ဓားခုတ်မှုဖြစ်ပွားပြီး ၃ ဦးသေ ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှာ မတ်လ ၅ ရက် မနက် ၁၁ နာရီကျော်လောက်က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းကုန်းကြီးရွာနေ ဦးထွေးနိုင် ၊ ဦးချစ် ၊ မောင်နန်းဝေတို့ဟာ ရွာလမ်းမအတိုင်းအတူ ပြန်လာကြစဉ်  ကျောင်းကုန်းကြီးသစ်စက်အတွင်းမှ လူတစ်စုက ဓားနဲ့ ထွက်ခုတ်ခဲ့ကြလို့ အခင်းဖြစ်နေရာမှာ ၃ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓားနဲ့ ခုတ်သူတွေက  ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေဖြစ်ကာ အခုတ်ခံရသူဟာ အန်အယ်လ်ဒီ ထောက်ခံသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီနောက်  ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကရောက်ရှိလာကာ လူ ၅  ယောက်ထက်ပို မစုဝေးဖို့ ကြေညာခဲ့ပြီး  ဒေသခံတွေကတော့ လူသတ်တရားခံတွေကို အမြန်ဆုံးဖမ်းဆီးပေး ဖို့တောင်းဆိုနေ ကြပါတယ်။

3 months Ago
More News
Up