ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းက အတွေ့အကြုံတွေကိုယူပြီး လာမယ့်ဆီးဂိမ်းမှာ အခြေအနေတခုထိ အောင်မြင်မှုတွေရအောင် စွမ်းဆောင်သွားမယ်လို့ ဓားခုတ်အားကစား နည်းပြချုပ် ဦးလွှမ်းအောင်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းလောက်ကမှ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ဓားခုတ်ကစားနည်းဟာ ပရိသတ်တွေအနေနဲ့ အကျွမ်းတ၀င် မရှိခဲ့ပေမယ့် ၂ နှစ်အတွင်းမှာ များစွာတိုးတက်လာတဲ့ ကစားနည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လာမယ့်ဆီးဂိမ်းအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပြီးတော့ နေပြည်တော်မှာရှိတဲ့ Gold Camp အားကစားလေ့ကျင့်ရေးစခန်း-၂ လယ်ဝေးမှာ ကစားသမားတွေ စခန်းသွင်း လေ့ကျင့်နေပါတယ်။
လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံသားနည်းပြနဲ့ လေ့ကျင့်နေပြီးတော့ လာမယ့်ဆီးဂိမ်း တဦးချင်းပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
သတင်၊ ဓာတ်ပုံ - ထက်လူ
4 years Ago